ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၏ (၂၁) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းညီလာခံသို့တက်ရောက်

ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန၏ဦးဆောင်မှု၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (World Travel and Tourism Council-WTTC)၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၁) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းညီလာခံအား  ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ဧပြီလ ၂၂ ရက်မှ ၂၃ ရက်ထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ညီလာခံပထမနေ့တွင် ခရီးသွားလုပ်ငန်းများရပ်တန့်ရာမှ ပြန်လည်စတင်နိုင်မည့် လမ်းကြောင်းအသစ်များဖော်ထုတ်ခြင်းနှင့်စပ်လျဉ်း၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၊ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီဥက္ကဋ္ဌ၊ ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးနှင့် တာဝန်ရှိ သူများက ဆွေးနွေးခဲ့ကြပြီး ညီလာခံဒုတိယနေ့၌ အနာဂတ်ကာလတွင် ခရီးသွားလုပ်ငန်းများ ရေရှည်တိုးတက်စေရေးခေါင်းစဉ်အပေါ် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများကပါဝင် ဆွေးနွေးခဲ့ကြပါသည်။                               

ခရီးသွားအရင်းအမြစ်နှင့် ခရီးသွားဆွဲဆောင်မှုများကြွယ်ဝသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှခရီးသည်များကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လာရောက်လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ဤကမ္ဘာလုံးဆိုင်ရာခရီးသွားကွန်ဖရင့်မှ ဖော်ထုတ် ဆွေးနွေးချက်များကို ရယူပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အနာဂတ်ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • (၂၁) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းညီလာခံသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့်တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့။

  • ခရီးသွားအရင်းအမြစ်နှင့် ခရီးသွားဆွဲဆောင်မှုများကြွယ်ဝသော    မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှခရီးသည်များကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လာရောက်လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ဤကမ္ဘာလုံးဆိုင်ရာ ခရီးသွား ကွန်ဖရင့်မှ ဖော်ထုတ်ဆွေးနွေးချက်များကို ရယူပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အနာဂတ်ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်များစွာအထောက်အကူပြုမည်ဖြစ်။

 

 

 

 

 

 

 

 

 

Add new comment