(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

ဧပြီလ ၂၂ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသော (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ကျောက်မျက် ရတနာကုန်သည်များ တက်ရောက်ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ သည် ရတနာပစ္စည်းများ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအားလည်းကောင်း၊ ကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကိုလည်းကောင်း၊ ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများနှင့် ၃၅ တန်ရှိ အကြီးဆုံးကျောက်စိမ်းတုံးကြီးကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး ပုလဲနှင့်ကျောက်မျက်ရတနာများ ရောင်းချရာတွင် နိုင်ငံခြားငွေများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်တို့အပြင် နောင်ပြပွဲများတွင် ဟောင်ကောင်ဒေါ်လာနှင့် ထိုင်းဘတ်ငွေတို့ဖြင့်ပါ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီးနောက်  ကျောက်စိမ်းဥယျာဉ်ပြန်လည် အဆင့်မြှင့်တင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

          အကြီးဆုံးကျောက်စိမ်းတုံးကြီးမှာ လုံးခင်းဖားကန့်ရတနာနယ်မြေ၊ မက်လင်ချောင်မှော်၊ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက် ( ၂ ) မှ တူးဖော်ရရှိသည့် ၃၀၈ တန်ခန့်ရှိ ကျောက်စိမ်းတုံးကြီးမှ ဖြတ်ယူရရှိထားသည့် ၃၅ တန်ရှိ ကျောက်စိမ်းတုံးကြီးဖြစ်ပြီး အရည်အသွေးကောင်းမွန်သည့် အသားကျောက်အမျိုးအစားဖြစ်ကာ အခြေခံဈေးနှုန်း အနေဖြင့် ယူရိုငွေ ၅ သန်းကျော် ခန့်မှန်းတွက်ချက်ထားကြောင်း သိရှိရပါသည်။

          ကျောက်စိမ်းဥယျာဉ်အား ၂၀၁၀ ခုနှစ်၌ မြေဧရိယာအကျယ်အဝန်း ၈ ဒသမ ၂၆ ဧကပေါ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဥယျာဉ်အတွင်း ကျောက်စိမ်းရိုင်းတုံးပေါင်း ၅,၁၁၇ တုံးနှင့် အခြားကျောက်ရိုင်းပေါင်း ၁၄,၂၅၂ တုံးထားရှိထားကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှစတင်၍ ဥယျာဉ်အား ပြန်လည်ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

  • နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသော (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအားလည်းကောင်း၊ ကျောက်စိမ်းခန်းမအတွင်း/အပြင်ဘက်တွင် ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲအတွဲများ၊  ကျောက်စိမ်းရိုင်းအတွဲများနှင့် ၃၅ တန်ရှိ အကြီးဆုံးကျောက်စိမ်းတုံးကြီးကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး ပုလဲနှင့်ကျောက်မျက်ရတနာများ ရောင်းချရာတွင် နိုင်ငံခြားငွေများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ် တို့အပြင် နောင်ပြပွဲများတွင် ဟောင်ကောင်ဒေါ်လာနှင့် ထိုင်းဘတ်ငွေတို့ဖြင့်ပါ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားနောက် ကျောက်စိမ်းဥယျာဉ်ပြန်လည် အဆင့်မြှင့်တင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့။

 

 

Add new comment