သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း ဦးပိန်တံတားနှင့် တောင်သမန်အင်းသို့ ပြည်တွင်းခရီးသွားဦးရေ တစ်သိန်းကျော် လာရောက်လည်ပတ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနှင့် တောင်သမန်အင်းသို့ သင်္ကြန်ကာလရုံးပိတ်ရက်များဖြစ်သော ဧပြီလ ၁၃ ရက်က ပြည်တွင်းခရီးသွား ဦးရေ ၂၀,၀၀၀ ကျော်၊ ဧပြီလ ၁၄ ရက်က ၁၀,၀၀၀ ကျော်၊ ဧပြီလ ၁၅ ရက်က ၂၀,၀၀၀ ကျော်၊ ဧပြီလ ၁၆ ရက်က ၁၀,၀၀၀ ကျော်၊ ဧပြီ ၁၇ ရက်က ၄၀,၀၀၀ ကျော်ဖြင့် စုစုပေါင်း  ပြည်တွင်းခရီးသွားဦးရေ တစ်သိန်းကျော် လာရောက်လည်ပတ်ခဲ့ပါသည်။

ဦးပိန်တံတားသို့ ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်တစားလာရောက်လည်ပတ်လျက်ရှိကြောင်း၊ တော်သမန်အင်းအတွင်း နေဝင်ဆည်းဆာအလှကို ငှက်လှေများဖြင့် ကြည့်ရှုနိုင်ရန် ငှက်လှေအစင်းရေ ၅၀ ကျော် ပြေးဆွဲပေးလျက်ရှိကြောင်း၊ ဦးပိန်တံတားနှင့် တောင်သမန်အင်းသို့ သင်္ကြန်အကြို နေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ပြည်တွင်းခရီးသွားလည်ပတ်မှု များပြားခဲ့ကြောင်း သိရှိရပါသည်။

  • သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနှင့် တောင်သမန်အင်းသို့ ပြည်တွင်းခရီးသွားဦးရေ တစ်သိန်းကျော် လာရောက်လည်ပတ်ခဲ့။
  • ဦးပိန်တံတားသို့ ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်တစားလာရောက်လည် ပတ်လျက်ရှိကြောင်း၊ တော်သမန်အင်းအတွင်း နေဝင်ဆည်းဆာအလှကို ငှက်လှေများဖြင့် ကြည့်ရှုနိုင်ရန် ငှက်လှေအစင်းရေ ၅၀ ကျော် ပြေးဆွဲပေးလျက်ရှိကြောင်း၊ ဦးပိန်တံတားနှင့် တောင်သမန် အင်းသို့ သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ပြည်တွင်းခရီးသွားလည်ပတ်မှုများပြားခဲ့ကြောင်း သိရှိရ။

 

 

Add new comment