အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသည့် ဆန်နှင့််ဂျုံအိတ်များကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်ရှိ သိုလှောင်ရုံများအတွင်း၌ စနစ်တကျထားရှိပြီး ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေး နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများကို ဧပြီလ ၂၁ ရက်တွင် တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ်မှ တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ဧပြီလ ၂၁ ရက်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရပ်ကွက် (၉) ရပ်ကွက်ရှိ ဒေသခံပြည်သူအိမ်ထောင်စု ၂,၄၂၅ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှုန်းဖြင့် ဆန် အိတ် ၂,၄၂၅ အိတ်အား လည်းကောင်း၊ အိမ် ထောင်စုတစ်စုလျှင် ဂျုံတစ်ကီလိုဂရမ်နှုန်းဖြင့် ဂျုံအိတ် ၆၀ အိတ်အားလည်းကောင်း ပြည်သူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
|
Add new comment