ဧပြီလ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့၊ မြင်းကြွရပ်ကွက်နေ ရှင်ပညာနန္ဒ(ခ) ပိုင်သူချစ် (၁၃)နှစ်၊ ရှင်သောနန္ဒ(ခ) ဟိန်းဝေယံ (၁၁)နှစ်နှင့် သိမ်းချောင်းကျေးရွာနေ ရှင်ဓမ္မနန္ဒ(ခ) ဖြိုးမောင်မောင် (၁၀)နှစ်တို့သည် သိမ်းချောင်းကျေးရွာအတွင်း ဆွမ်းခံ၍ ၎င်းတို့သီတင်းသုံး နေထိုင်သည့် စန္ဒာရုံဘုန်းတော်ကြီးကျောင်းသို့ ခြေလျင်ပြန်လာစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့မှုကြောင့် ကိုရင် (၃) ပါး၌ မိုင်းစထိမှန်ဒဏ်ရာများရရှိကာ ရှင်ဓမ္မနန္ဒနှင့် ရှင်သောနန္ဒတို့သည် သေဆုံးသွားခဲ့ပြီး ရှင်ပညာနန္ဒအား ဆေးကုသနိုင်ရေး စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရပါသည်။
NUG အဖွဲ့၏စေခိုင်းချက်အရ PDF အကြမ်းဖက်သမားများသည် ငါနဲ့မတူ ငါ့ရန်သူ အယူအဆဖြင့် ၎င်းတို့ကို မထောက်ခံသည့် အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် လက်နက်အားကိုး၍ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ် အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ လုပ်ဆောင်လျက်ရှိပါသည်။
အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် ဧပြီလ ၂၂ ရက်အထိ သေဆုံးသူ ရဟန်းသံဃာတော် ၄၀ ပါး၊ သီလရှင် ၁ ပါး၊ ဒဏ်ရာရရှိသူ ရဟန်းသံဃာတော် ၁၃ ပါးနှင့် ပျောက်ဆုံးသံဃာ ၃ ပါးတို့ရှိပြီဖြစ်ပြီး ထိုကဲ့သို့ သာသနာ့နွယ်ဝင် ရဟန်း/သံဃာများအား သေဆုံး ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲ၍ ဆွမ်းခံထွက်လာသည့် ကိုရင် (၃) ပါးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ ရှင်ဓမ္မနန္ဒနှင့် ရှင်သောနန္ဒတို့သည် သေဆုံးသွားခဲ့ပြီး ရှင်ပညာနန္ဒအား ဆေးကုသနိုင်ရေး စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့။
- အကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်မှုကြောင့် ဧပြီလ ၂၂ ရက်အထိ သေဆုံးသူ ရဟန်းသံဃာတော် ၄၀ ပါး၊ သီလရှင် ၁ ပါး၊ ဒဏ်ရာရရှိသူ ရဟန်း သံဃာတော် ၁၃ ပါးနှင့် ပျောက်ဆုံးသံဃာ ၃ ပါး တို့ရှိပြီဖြစ်။
Add new comment