၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး စီစဉ်ဆောင်ရွက်လျက်ရှိ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်၌ အတည်ပြုထုတ်ပြန်ခဲ့သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ ပုဒ်မ-၃အရ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်းကော်မတီ ဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၁ ရက်တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက-

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီးဖြစ်သဖြင့် နောက်တစ်ကြိမ်သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်တွင် ကောက်ယူရန် အလှည့်ကျပြီဖြစ်ကြောင်း။

  • ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်းစသည့် လုပ်ငန်းစဉ်(၄)ရပ်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ၅၁ လခန့်ဖြင့် လျာထားဆောင်ရွက်လျက်ရှိကြောင်း။

  • လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ပထမအဆင့်ဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအတွက် လုပ်ငန်းစဉ်အဆင့် (၈) ဆင့်ရှိသည့်အနက် အဆင့် (၅) ဆင့်ဖြစ်သည့် အခြေခံဒေသစာရင်းများပြုစုခြင်း၊ သန်းခေါင်စာရင်းလုပ်ငန်းအသေးစိတ်စီမံချက်ရေးဆွဲခြင်း၊ သန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း၊ စာရင်းကောက်ကွက်များဖွဲ့စည်းခြင်း၊ မေးခွန်းပုံစံနှင့် လက်စွဲစာစောင်များပြုစုခြင်းတို့ကို လုပ်ငန်းအချိန်ဇယားရေးဆွဲကာ ပထမဦးစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်သူ့အင်အားဦးစားဌာန၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စီမံဆောင်ရွက်ထားရှိမှုနှင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီတို့၏ဖွဲ့စည်းထားရှိမှု (မူကြမ်း) ရေးဆွဲထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက် လာကြသည့် တာဝန်ရှိသူများက ဌာနအလိုက် ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီးဖြစ်သဖြင့် နောက်တစ်ကြိမ်သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်တွင် ကောက်ယူရန် အလှည့်ကျပြီဖြစ်။

  • ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်းစသည့် လုပ်ငန်းစဉ် (၄) ရပ်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ အထိ ၅၁ လခန့်ဖြင့် လျာထားဆောင်ရွက်လျက်ရှိ။

 

Add new comment