ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (CIRDAP) ၏ (၂၃) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ အစည်းအဝေးသို့တက်ရောက်

အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(Center on Integrated Rural Development for Asia and the Pacific - CIRDAP)၏ (၂၃)ကြိမ်မြောက်အုပ်ချုပ်မှုကောင်စီအစည်းအဝေး(23rd Governing Council(GC-23)Meeting)ကို ဧပြီလ ၂၁ ရက်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်တာဝန်ယူ၍ Virtual စနစ်ဖြင့်ကျင်းပရာ (၂၃) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ၏အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ထိုင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနမှ Advisor of the Minister Mr. Alongkorn Polabutrက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး CIRDAP၏ (၂၃)ကြိမ်မြောက်အုပ်ချုပ်မှုကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက-

  • ကျေးလက်နေ ပြည်သူလူထု၏ ဝင်ငွေတိုးတက်မြင့်မားရေး၊ ဆင်းရဲမှုလျော့ပါးရေး၊ လူမှုစီးပွားအဆင့်အတန်းမြင့်မားရေးတို့အတွက် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း။
  • ကိုဗစ်-၁၉ ရောဂါ၏ အကျိုးဆက်များကြောင့် ကျေးလက်ဒေသစီးပွားရေးအပေါ် ထိခိုက်မှုများလျော့ပါးစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာလနောက်ပိုင်း ပြန်လည်ထူထောင်နိုင်ရေး၊ ကျေးလက်ဒေသပြုပြင်ပြောင်းလဲရေးတို့တွင် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနည်းပညာကို ထိရောက်တွင် ကျယ်စွာ အသုံးပြုရေးဆိုင်ရာ CIRDAP အဖွဲ့၏ လုပ်ငန်းစဉ်များ၌ အခြားအဖွဲ့ဝင်နိုင်ငံများနှင့် အတွေ့အကြုံများ ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ၁၉၉၅ ခုနှစ်မှစတင်၍ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး အထက်ပါအစည်းအဝေးသို့ အာဖဂန်နစ္စတန်နိုင်ငံမှအပ ကျန်အဖွဲ့ဝင်နိုင်ငံများသည့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အီရန်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဖီဂျီနိုင်ငံတို့စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

  • ကျေးလက်နေပြည်သူလူထု၏ ဝင်ငွေတိုးတက်မြင့်မားရေး၊ ဆင်းရဲမှုလျော့ပါးရေး၊ လူမှုစီးပွားအဆင့်အတန်းမြင့်မားရေးတို့အတွက် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း။
  • ကိုဗစ်-၁၉ ရောဂါ၏ အကျိုးဆက်များကြောင့် ကျေးလက်ဒေသစီးပွားရေးအပေါ် ထိခိုက်မှုများလျော့ပါးစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာလနောက်ပိုင်း ပြန်လည် ထူထောင်နိုင်ရေး၊ ကျေးလက်ဒေသပြုပြင်ပြောင်းလဲရေးတို့တွင် ဒစ်ဂျစ်တယ် ဆက်သွယ်ရေးနည်းပညာကို ထိရောက်တွင်ကျယ်စွာ အသုံးပြုရေးဆိုင်ရာ CIRDAP အဖွဲ့၏ လုပ်ငန်းစဉ်များ၌ အခြားအဖွဲ့ဝင်နိုင်ငံများနှင့် အတွေ့အကြုံများ ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်။

Add new comment