ပြည်ထောင်စုဝန်ကြီးများသည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ‌ဒေါက်တာသက်သက်ခိုင်တို့သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ဧပြီလ ၂၁ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံရာတွင်-

  • တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ဆောင်ရန်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ စိတ်ရှည်သည်းခံမှု၊ နားလည်ပေးမှုနှင့် ခိုင်မာသောထောက်ခံမှုကို မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မည်သူ့ကိုမျှ ချန်လှပ်မထားစေရေးမူဝါဒကို အလေးထားပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အာဆီယံနှင့် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းများနှင့် ဦးဆောင်ဦးရွက်ပြုမှုအားလုံးသည် မြန်မာနိုင်ငံအစိုးရ၏ လုပ်ငန်းစဉ်နှင့် မူဘောင်နှင့်အညီသာ ဖြစ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့။

ကမ္ဘောဒီးယားဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ ခေါင်းဆောင်က-

  • ခရီးစဉ်အတွက် စီစဉ်ထားရှိမှုများနှင့် အစည်းအဝေးများတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားကြောင်း၊ အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသည့် ဆန္ဒမပါဘဲ မြန်မာနိုင်ငံအား ကူညီရန် ဖြစ်နိုင်မည့်နည်းလမ်းများကို ရှာဖွေလျက်ရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အလားတူ သမိုင်းနောက်ခံရှိသည့်အတွက် ပြည်တွင်းကိစ္စရပ်များ၏ ရှုပ်ထွေးမှုများကို နားလည်ကြောင်းပြောကြားခဲ့။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တွေ့ဆုံရာတွင်-

  • အာဆီယံက မြန်မာနိုင်ငံသို့ပေးအပ်မည့် လူသားချင်းစာနာမှုအကူအညီများ လက်ခံရယူရေး (Phase 2)နှင့်စပ်လျဉ်း၍ အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံက မေလတွင်ကျင်းပမည့် ညှိနှိုင်းအစည်းအဝေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှဆောင်ရွက်နေသည့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံအနေဖြင့် မည်သူ့ကိုမျှ ချန်လှပ်မထားစေရေးမူဝါဒကို အလေးထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အာဆီယံနှင့် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းများနှင့် ဦးဆောင်ဦးရွက်ပြုမှု အားလုံးသည် မြန်မာနိုင်ငံအစိုးရ၏ လုပ်ငန်းစဉ်နှင့် မူဘောင်နှင့်အညီသာ ဖြစ်သင့်ကြောင်း ပြောကြားခဲ့။
  • H.E. Dr. KUNG Phoakက ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားကြောင်း၊ အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသည့် ဆန္ဒမပါဘဲ မြန်မာနိုင်ငံအား ကူညီရန်ဖြစ်နိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နှင့်အလားတူ သမိုင်းနောက်ခံရှိသည့်အတွက် ပြည်တွင်းကိစ္စရပ်များ၏ ရှုပ်ထွေးမှုများ ကို နားလည်ကြောင်းပြောကြားခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တွေ့ဆုံရာတွင် အာဆီယံက မြန်မာနိုင်ငံသို့ပေးအပ်မည့် လူသားချင်းစာနာမှုအကူအညီများ လက်ခံရယူရေး (Phase 2) နှင့် စပ်လျဉ်း၍ အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံက မေလတွင်ကျင်းပမည့် ညှိနှိုင်းအစည်းအဝေး ဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုကော်မတီမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

Add new comment