ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့သည် AP သတင်းဌာန၊ ရိုက်တာသတင်းဌာန၊ South China Morning Post သတင်းဌာနနှင့် Straits Times သတင်းဌာန၊ China Central Television (CCTV) သတင်းဌာန၊ People’s Daily သတင်းဌာနနှင့် ဆင်ဟွာ သတင်းဌာနတို့မှ သတင်းထောက်များကို ဧပြီလ ၂၁ ရက်တွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမများ၌ ဗီဒီယိုကွန်ဖရင့်ဖြင့်တွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက-
- ယေဘုယျ အနေဖြင့် ခြုံငုံကြည့်ပါက စွမ်းအင်ကဏ္ဍနှင့် စီးပွားရေးကဏ္ဍများသည်ဆက်စပ်ပြီး မြန်မာနိုင်ငံတွင် သိသိသာသာဖွံ့ဖြိုးတိုးတက်မှုအချို့ရှိနေကြောင်း။
- ရုရှား-ယူကရိန်းပဋိပက္ခမှ အစပျိုးခဲ့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ဈေးနှုန်းများသည် ကမ္ဘာတွင်ယနေ့အခါ သိသိသာသာတက်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံတွင်းအခြေအနေမှာ အခြေခံအဆောက်အဦများ မဖွံ့ဖြိုးခြင်း၊ မကြာခင်က မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ဘဏ္ဍာရေးပြဿနာများနှင့် အကြမ်းဖက်သမားများက ဓာတ်အားလိုင်းအချို့ကို ဖျက်ဆီးမှုများကြောင့် မြန်မာပြည်သူများကို ဆိုးကျိုးသက်ရောက်မှုများ ရှိခဲ့ကြောင်း။
- အနောက်နိုင်ငံကြီးအချို့က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအသစ်များ မကြာမီက ထုတ်ပြန်ခဲ့ကြကြောင်းနှင့် နိုင်ငံခြားရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီအချို့ မြန်မာပြည်မှထွက်ခွာမှုများကိုလည်း မီဒီယာတော်တော်များများတွင် ဖော်ပြမှုများရှိခဲ့ကြောင်း ပြောကြားခဲ့။
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက-
- ယခုရက်ပိုင်း မီဒီယာများ စိတ်ဝင်စားနေသည့် မြန်မာနိုင်ငံ၏ ငွေလဲနှုန်းနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း။
- ယခုအစိုးရလက်ထက်တွင် ယခင့်ယခင် အစိုးရများနှင့်မတူသည့် စိန်ခေါ်မှု များစွာရှိပြီး စီးပွားရေးပိတ်ဆို့မှုများရှိသလို အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မတည်ငြိမ်မှုများရှိသဖြင့် ထိုအရာများသည် စီးပွားရေးအပေါ် သက်ရောက်မှုများဖြစ်ပေါ်နေကြောင်း။
- လက်ရှိအစိုးရသည် တိုင်းပြည်တွင် လတ်တလောလိုအပ်နေသည့် လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်ရေးကို အာရုံစိုက်ဆောင်ရွက်နေကြောင်း။
- တိုင်းပြည်၏ စီးပွားရေးတည်ငြိမ်မှုရရှိအောင် ဆောင်ရွက်နေပြီး စွမ်းအင်ကဏ္ဍသည် ဦးစားပေးကဏ္ဍဖြစ်သဖြင့် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်စီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေသကဲ့သို့ စီမံကိန်းအသစ်များကိုလည်း ထပ်မံဖိတ်ခေါ်နေကြောင်း။
မိမိတို့အစိုးရအနေဖြင့် မည်သို့ပင်အခက်အခဲစိန်ခေါ်မှုများရှိစေကာမူ ထိုစိန်ခေါ်မှုများကို ဖြတ်ကျော်ကာ မူလရည်ရွယ်ထားသည့်အတိုင်း ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
- ယေဘူယျအနေဖြင့် ခြုံငုံကြည့်ပါက စွမ်းအင်ကဏ္ဍနှင့် စီးပွားရေးကဏ္ဍများသည် ဆက်စပ်ပြီး မြန်မာနိုင်ငံတွင် သိသိသာသာဖွံ့ဖြိုးတိုးတက်မှုအချို့ရှိနေ။
- ရုရှား-ယူကရိန်းပဋိပက္ခမှ အစပျိုးခဲ့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ဈေးနှုန်းများသည် ကမ္ဘာတွင်ယနေ့အခါ သိသိသာသာတက်လာသည်ကို တွေ့ရမည်ဖြစ်။
- မြန်မာနိုင်ငံတွင်းအခြေအနေမှာ အခြေခံအဆောက်အဦများ မဖွံ့ဖြိုးခြင်း၊ မကြာခင်က မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ဘဏ္ဍာရေးပြဿနာများနှင့် အကြမ်းဖက်သမားများက ဓာတ်အားလိုင်းအချို့ကို ဖျက်ဆီးမှုများကြောင့် မြန်မာပြည်သူများကို ဆိုးကျိုးသက်ရောက် မှုများရှိခဲ့။
- ယခုအစိုးရလက်ထက်တွင် ယခင့်ယခင်အစိုးရများနှင့်မတူသည့် စိန်ခေါ်မှုများစွာရှိပြီး စီးပွားရေးပိတ်ဆို့မှုများရှိသလို အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မတည်ငြိမ်မှု များရှိသဖြင့် ထိုအရာများသည် စီးပွားရေးအပေါ် သက်ရောက်မှုများဖြစ်ပေါ်နေ။
- မိမိတို့အစိုးရအနေဖြင့် မည်သို့ပင် အခက်အခဲစိန်ခေါ်မှုများရှိစေကာမူ ထိုစိန်ခေါ်မှုများကို ဖြတ်ကျော်ကာ မူလရည်ရွယ်ထားသည့်အတိုင်း ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်။
Add new comment