AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုအကူအညီ စီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များက ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် ဦးဆောင်သော “AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့ (Task Force)” အဖွဲ့ဝင်များသည် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဦးဆောင်သည့် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့နှင့် ဧပြီလ ၂၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင်-

  • မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပထမအဆင့်အကောင်အထည်ဖော်ဆောင်မှုအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့။
  • ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအနှံ့အပြားသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများပံ့ပိုးပေးခြင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့။
  • ကမ္ဘောဒီးယားနိုင်ငံမှအဆိုပြုသည့် အချက်များအပါအဝင် ဒုတိယအဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် ပြင်ဆင်မှုများအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယအဆင့်အတွက် မြန်မာအစိုးရ၏ အစီအစဉ်များနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရန်အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းများအပေါ် ဆွေးနွေး ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ အတွင်းရေးမှူးများဖြစ်ကြသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးစိန်ဝင်းနှင့် လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

  • ကမ္ဘောဒီးယားနိုင်ငံမှအဆိုပြုသည့် အချက်များအပါအဝင် ဒုတိယအဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် ပြင်ဆင်မှုများအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယအဆင့်အတွက် မြန်မာအစိုးရ၏ အစီအစဉ်များနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရန်အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းများအပေါ်ဆွေးနွေးခဲ့။

Add new comment