အိန္ဒိယအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံအိတ်များကို ဒလမြို့နယ်အတွင်းရှိ ပြည်သူများထံ ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ်မှ တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ဧပြီလ ၂၀ ရက်တွင် အိန္ဒိယအစိုးရက ပေးပို့လှူဒါန်းခဲ့သည့် ဆန်နှင့်ဂျုံအိတ်များကို ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများထံ သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် ဒလမြို့နယ်အတွင်းရှိ ညောင်ကုန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် ကျေးရွာ ၂၁ ရွာတို့မှ ဒေသခံပြည်သူအိမ်ထောင်စု ၁၁,၂၁၄ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှုန်းဖြင့် ဆန်အိတ် ၁၁,၂၁၄ အိတ်အားလည်း ကောင်း၊ အိမ်ထောင်စုတစ်စုလျှင် ဂျုံတစ်ကီလိုဂရမ်နှုန်းဖြင့် ဂျုံအိတ် ၂၇၇ အိတ်အား လည်းကောင်း ပြည်သူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

  • ဧပြီလ ၂၀ ရက်တွင် အိန္ဒိယအစိုးရက ပေးပို့လှူဒါန်းခဲ့သည့် ဆန်နှင့်ဂျုံအိတ်များကို တာဝန်ရှိသူများက ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများထံ သွားရောက်လှူ ဒါန်းခဲ့။

 

 

 

 

 

Add new comment