အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်သည် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့ အကြီးအကဲဖြစ်သူ H.E.Dr.KUNG Phoak ဉီး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဧပြီလ ၂၀ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူးက-

  • ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေ၊ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာကိစ္စရပ်များအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့။

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲဖြစ်သူ H.E.Dr.KUNG Phoak က-

  • မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်ရန် စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့။

တွေ့ဆုံပွဲတွင် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူးနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲတို့သည် နှစ်ဖက်သိရှိလိုသည်များကို အပြန်အလှန် ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရှိရပါသည်။

  • တွေ့ဆုံပွဲတွင် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအခြေအနေ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးရေးဆိုင်ရာကိစ္စရပ်များအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့။
  • ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲဖြစ်သူက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး ကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်ရန် စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့။

Add new comment