ခြောက်လတာကာလအတွင်း ကော့သောင်းမြို့မှ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၆၀ ကျော်ရရှိ

မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှ ပြည်ပနိုင်ငံများသို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအကုန်အထိ ခြောက်လတာကာလအတွင်း ငါး၊ ပုစွန် ရေထွက်ပစ္စည်း စုစုပေါင်းတန်ချိန် ၁၆၁,၂၈၃ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၀.၃၄၇၉ သန်း ရရှိခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ရေထွက်ကုန်ပစ္စည်း တင်ပို့ရန်အတွက် ကော့သောင်းနယ်စပ်ဂိတ်ဘက်သို့ ဝင်ရောက်မှုများလာသော်လည်း ယခုနှစ် တင်ပို့မှုနှုန်းထားမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကုန်ချိန် ၁၈,၀၀၀ ကျော်ခန့် လျော့နည်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၂၄၅ သန်း လျော့နည်း ခဲ့ပါသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ရာသီသုံးလဖြစ်သည့် ဧပြီလ၊ မေလနှင့် ဇွန်လများတွင် ငါးတင်ပို့မှုနှုန်းလျော့နည်းသွားနိုင်သော်လည်း ကော့သောင်းခရိုင်မှာ ကမ်းနီးရေလုပ်ငန်းကို အဓိကမှီခိုလုပ်ကိုင်သည့်ဒေသတစ်ခုဖြစ်ကြောင်းနှင့် ကော့သောင်းခရိုင်တွင် လိုင်စင်ရှိသည့် ကမ်းနီးငါးဖမ်း လှေအစင်းရေ ၂,၀၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။

  • ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခု နှစ် မတ်လအကုန်အထိ ခြောက်လတာ ကာလအတွင်း ငါး၊ ပုစွန် ရေထွက်ပစ္စည်း စုစုပေါင်းတန်ချိန် ၁၆၁,၂၈၃ တန် တင် ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၀.၃၄၇၉ သန်း ရရှိခဲ့။

  • ယခုနှစ် တင်ပို့မှုနှုန်းထားမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကုန်ချိန် ၁၈,၀၀၀ ကျော်ခန့် လျော့နည်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၂၄၅ သန်း လျော့နည်းခဲ့။

Add new comment