မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်ရေးအတွက် မလေးရှားနိုင်ငံမှ လှူဒါန်းသည့် Astrazeneca ငါးသိန်းသည် ဧပြီလ ၂၀ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများက အသီးသီးလွှဲပြောင်း လက်ခံခဲ့ပါသည်။
အဆိုပါဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သတ်မှတ်ထားသည့် ဦးတည်အုပ်စုအလိုက် ပြည်သူ့ဆေးရုံများနှင့် ကာကွယ်ဆေးထိုးစုရပ်များ၌ National Deployment Plan အရ ဆက်လက်ထိုးနှံပေးလျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ COVISHIELD ၁၅ ဒသမ ၄ သန်း၊ Sinopharm ၂၆ ဒသမ ၇ သန်း၊ Sinovac ၃ သန်း၊ Sputnik-V ၀ ဒသမ ၆ သန်းဖြင့် စုစုပေါင်း ၄၅ ဒသမ ၇ သန်း၊ လှူဒါန်းမှုမှ COVISHIELD ၂ ဒသမ ၆ သန်း၊ Sinopharm ၃ ဒသမ ၅ သန်း၊ Sinovac ၉ ဒသမ ၂ သန်း၊ Covaxin ၃ ဒသမ ၂ သန်း၊ Astrazeneca ၁ ဒသမ ၅ သန်း၊ Sputnik-V ၀ ဒသမ ၄ သန်းဖြင့် စုစုပေါင်း ၂၀ ဒသမ ၄ သန်းရရှိခဲ့ရာ စုစုပေါင်း ၆၆ ဒသမ ၁ သန်းခန့်ရရှိခဲ့ ပြီးဖြစ်ပါသည်။
- ဧပြီလ ၂၀ ရက်တွင် မလေးရှားနိုင်ငံမှ လှူဒါန်းသော Astrazeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ငါးသိန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့။
- ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ စုစုပေါင်း ၄၅ ဒသမ ၇ သန်းနှင့် လှူဒါန်းမှုမှ စုစုပေါင်း ၂၀ ဒသမ ၄ သန်း ရရှိခဲ့ရာ စုစုပေါင်း ၆၆ ဒသမ ၁ သန်းခန့်ရရှိခဲ့ပြီးဖြစ်။
Add new comment