တတိယအကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများအစည်းအဝေး(Third BIMSTEC Energy Minister's Meeting) ကို ဧပြီလ ၂၁ ရက်တွင် နီပေါနိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်သန်းဦး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ် ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့မှ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာဝန်ကြီးများက-
- မိမိတို့နိုင်ငံအလိုက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊ လျှပ်စစ်ဓာတ်အားစနစ်ချိတ်ဆက်မှုလုပ်ငန်းဆိုင်ရာ Master Plan ရေးဆွဲရေး လေ့လာဆောင်ရွက်နေမှုလုပ်ငန်းများ။
- BIMSTEC Energy Center ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
- တတိယ၊ စတုတ္ထနှင့် ပဉ္စမအကြိမ် ဘင်းမ်စတက် စွမ်းအင်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ဆုံးဖြတ်ချက်များကိုအတည်ပြုခြင်း၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာဝန်ကြီးများအကြား ပူးတွဲကြေငြာချက် ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး (၄) ကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများ အစည်းအဝေးကို ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- တတိယအကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများအစည်းအဝေးကို နီပေါနိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်သန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့။
- (၄) ကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများ အစည်းအဝေးကို ၂၀၂၄ ခုနှစ် တွင် အိန္ဒိယနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်။
Add new comment