ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကို လက်ခံတွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး   မစ္စတာ ချန်းဟိုင်ကို   ဧပြီလ ၁၉ ရက်တွင်  နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ နိုင်ငံရေးပါတီများနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်နေမှုတို့ကို မေးမြန်း ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်စာရင်းများပြုစုခြင်းများ ဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊ နိုင်ငံရေးပါတီများအား စစ်ဆေးဆောင်ရွက်နေမှုနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။     

  • မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ နိုင်ငံရေးပါတီများနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက် နေမှုတို့ကို မေးမြန်းခဲ့။
  • ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးဆောင် ရွက်ခြင်း၊ မဲဆန္ဒရှင်စာရင်းများ ပြုစု ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နိုင်ငံရေးပါတီများအား စစ်ဆေးဆောင်ရွက်နေမှုနှင့် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

Add new comment