လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြလျက်ရှိသော စက်သုံးဆီကိစ္စများနှင့်ပတ်သက်၍ လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့ရာတွင်-
- စက်သုံးဆီကိစ္စနှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လျက်ရှိပြီး မသမာသော မီဒီယာအချို့က ကောလာဟလများကို ပြန်ပြီးဖြန့်နေသည့်အတွက်ကြောင့် အချို့နေရာများတွင် ဆီဆိုင်များပိတ်ခြင်းနှင့် ဆီရှားပါးသည့်အခြေအနေများ ဖြစ်ပေါ် နေကြောင်း။
- တိုင်းပြည်အတွင်း၌ အသုံးပြုရန်အတွက် စက်သုံးဆီများကို လုံလောက်သော ပမာဏတင်သွင်းထားပြီးဖြစ်သည့်အတွက် စက်သုံးဆီအလုံအလောက်ရှိပြီးဖြစ်ကြောင်းနှင့် လက်ရှိတွင် ယခင်ပမာဏထက်ပိုပြီးရှိနေကြောင်း။
- စက်သုံးဆီတင်သွင်းသောကုမ္ပဏီများသည် သတ်မှတ်ဈေးနှုန်းဖြစ်သည့် ၁,၈၅၀ ဈေးနှုန်းဖြင့် မရောင်းချချင်သည့်အတွက်ကြောင့် ယခုကဲ့သို့ ကောလာဟလများ ဖြန့်နေခြင်းဖြစ်ကြောင်း။
- ပြည်သူလူထုအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလများကို မယုံကြည်ကြရန်နှင့် ပြည်တွင်း၌ အသုံးပြုရန်အတွက် စက်သုံးဆီအလုံအလောက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
စက်သုံးဆီကောလာဟလများနှင့်ပတ်သက်၍ သက်ဆိုင်သူများအား သတိပေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် ပုံမှန်ရောင်းဝယ်နေမှုများအတိုင်း စက်သုံးဆီတင်သွင်းရောင်းချလျက်ရှိသူများကို ဒေါ်လာရောင်းချပေးသည့် အစီအစဉ်အနေဖြင့် ခွင့်ပြုချက်ရပြီးသူများကို ဧပြီလ ၂၀ ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- တိုင်းပြည်အတွင်း၌ အသုံးပြုရန်အတွက် စက်သုံးဆီများကို လုံလောက်သော ပမာဏတင်သွင်းထားပြီးဖြစ်သည့်အတွက် စက်သုံးဆီအလုံအလောက်ရှိသည့်အပြင် လက်ရှိတွင်လည်း ယခင်ပမာဏထက်ပိုလျှံလျက်ရှိ။
- ပြည်သူလူထုအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလများကို မယုံကြည်ကြရန်နှင့် ပြည်တွင်း၌ အသုံးပြုရန်အတွက် စက်သုံးဆီအလုံအလောက်ရှိပြီးဖြစ်။
Add new comment