လူမှုကွန်ရက်မီဒီယာများတွင် ပျံ့နှံ့နေသော “သီလဝါဆီသိုလှောင်စခန်းများအတွင်း စက်သုံးဆီများလက်ကျန်လျော့နည်းနေသည်” ဆိုသည့် သတင်းများမှာ ကောလာဟလသတင်းများသာဖြစ်ကြောင်း၊ သီလဝါသိုလှောင်ကန်စခန်းများအပါအဝင် ပြည်တွင်းဆီ လက်ကျန်အခြေအနေမှာ ဓာတ်ဆီ အနေနှင့် ဂါလန်သန်းပေါင်း ၄၅ သန်းခန့်နှင့် ဒီဇယ်ဆီဂါလန်သန်းပေါင်း ၇၀ သန်းရှိသည့်အပြင် လက်ရှိ၌ သီလဝါဆိပ်ကမ်းတွင် ရောက်ရှိနေပြီး မဟာသင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးသော သင်္ဘော ၂ စင်း လည်းရှိသေးကြောင်း၊ ဌာနသို့ခွင့်ပြုချက်တောင်းပြီး ဆိုင်ပြင်ဆင်တည်ဆောက်နေ သည့် စက်သုံးဆီလက်လီအရောင်းဆိုင်များမှလွဲပြီး ပိတ်သိမ်းထားသည့် ဆိုင်များမရှိ ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် အဆိုပါကောလာဟလသတင်းများကြောင့် စိုးရိမ်လွန်ကဲပြီး အလုအယက်ဝယ်ယူမှုများကြောင့် အရောင်းဆိုင်များဘက်မှ အခြေခံအဆောက်အဦနှင့် ဝန်ထမ်းအင်အားတို့ အရ ယခုကဲ့သို့ မနိုင်မနင်းအခြေအနေများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ ပါသည်။
လတ်တလောပျံ့နှံ့နေသည့် စက်သုံးဆီသတင်းအမှားများနှင့်ပတ်သက်၍ ဧပြီလ ၁၉ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ပမှစက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Virtual စနစ်ဖြင့်ကျင်းပခဲ့ပြီး စက်သုံးဆီလက်လီအရောင်းဆိုင်များတွင် စက်သုံးဆီများအား အကန့်အသတ်ဖြင့် ရောင်းချနေမှုများ၊ သုံးစွဲသူပြည်သူများ စိုးရိမ်မှုများဖြစ်ပေါ်လာကာ အလုအယက်ဝယ်ယူနေကြသည့် အခြေအနေများအပေါ် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် သက်ဆိုင်ရာ ဌာနများ အကြား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် တင်သွင်းမည့် လုပ်ငန်းစဉ်များအပေါ် စိုးရိမ်ပူပန်ခြင်းမရှိဘဲ စက်သုံးဆီလက်လီအရောင်းဆိုင်များတွင် ရည်ညွှန်းဈေးနှုန်း ဘောင်အတွင်း အကန့်အသတ်မရှိ စားသုံးသူပြည်သူများဝယ်ယူရရှိနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန် သဘောတူခဲ့ကြ ကြောင်း သိရှိရပါသည်။
- လူမှုကွန်ရက်မီဒီယာများတွင် ပျံ့နှံ့နေသော “သီလဝါဆီသိုလှောင်စခန်းများအတွင်း စက်သုံးဆီများလက်ကျန်လျော့နည်းနေသည်” ဆိုသည့် သတင်းများမှာ ကောလာဟလ သတင်းများသာဖြစ်။
- သီလဝါသိုလှောင်ကန်စခန်းများအပါအဝင် ပြည်တွင်းဆီလက်ကျန်အခြေအနေမှာ ဓာတ်ဆီအနေဖြင့် ဂါလန်သန်းပေါင်း ၄၅ သန်းခန့်နှင့် ဒီဇယ်ဆီဂါလန်သန်းပေါင်း ၇၀ သန်းရှိသည့်အပြင် လက်ရှိ၌ သီလဝါဆိပ်ကမ်းတွင်ရောက်ရှိနေပြီး မဟာသင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရ သေးသော သင်္ဘော ၂ စင်းရှိ။
- ဌာနသို့ခွင့်ပြုချက်တောင်းပြီး ဆိုင်ပြင်ဆင်တည်ဆောက်နေသည့် စက်သုံးဆီလက်လီအရောင်းဆိုင်များမှလွဲပြီး ပိတ်သိမ်းထားသည့် ဆိုင်များမရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့် အဆိုပါကောလာဟလသတင်းများကြောင့် စိုးရိမ်လွန်ကဲပြီး အလုအယက်ဝယ်ယူမှုများ ကြောင့် အရောင်းဆိုင်များဘက်မှ အခြေခံ အဆောက်အဦနှင့် ဝန်ထမ်းအင်အားတို့အရ ယခုကဲ့သို့ မနိုင်မနင်းအခြေအနေများ ဖြစ်ပေါ်လာရခြင်းသာဖြစ်။
- လတ်တလောပျံ့နှံ့နေသည့် စက်သုံးဆီသတင်းအမှားများနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတစ်ရပ်အားကျင်းပခဲ့ရာ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီ များအနေဖြင့် တင်သွင်းမည့် လုပ်ငန်းစဉ်များအပေါ် စိုးရိမ်ပူပန်ခြင်းမရှိဘဲ စက်သုံးဆီလက်လီအရောင်းဆိုင် များတွင် ရည်ညွှန်းဈေးနှုန်းဘောင်အတွင်း အကန့်အသတ်မရှိ စားသုံးသူပြည်သူများဝယ်ယူရရှိနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန် သဘောတူခဲ့။
Add new comment