ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ဧပြီ ၁ ရက်မှ ၁၇ ရက်အထိ ဘုရားဖူးဦးရေ ၈၆၀,၀၀၀ ကျော် လာရောက်ဖူးမြော်ခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်သို့ အများပြည်သူများ အေးချမ်းလုံခြုံစွာ ဘုရားဖူးမြော်နိုင်ရန် ဘုရားဂေါပကနှင့် တာဝန် ရှိသူများက လုံခြုံရေးအစီအမံများ စနစ်တကျဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်သူ ပိုမိုများပြားလာပြီး ပုံမှန်ရုံး ဖွင့်ရက်များတွင် တစ်ရက်လျှင် ဘုရားဖူးဦးရေ ၂၀,၀၀၀ ခန့်ရှိကာ စနေ၊ တနင်္ဂနွေအပါ အဝင်အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးဦးရေ ၃၀,၀၀၀ နှင့် ၅၀,၀၀၀ ကြားရှိကြောင်းနှင့် သင်္ကြန်ကာလဖြစ်သော ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သံဃာတော် ၁,၇၆၃ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၁,၂၁၄ ပါး၊ အမျိုးသား ၅၂,၇၈၆ ဦး၊ အမျိုးသမီး ၆၆,၈၃၈ ဦး၊ နိုင်ငံခြားသား ၁၂၉ ဦး၊ နိုင်ငံခြားသူ ၈၇ ဦး စုစုပေါင်း ဘုရားဖူးလာရောက်သူဦးရေ ၁၂၂,၈၁၇ ဦးရှိကြောင်း သိရှိရပါသည်။
- ရွှေတိဂုံစေတီတော်သို့ ဧပြီ ၁ ရက်မှ ၁၇ ရက်အထိ ဘုရားဖူးဦးရေ ၈၆၀,၀၀၀ ကျော် လာရောက်ဖူးမြော်ခဲ့။
- ယခုအခါ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်သူ ပိုမိုများပြားလာပြီး ပုံမှန် ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် ဘုရားဖူးဦးရေ ၂၀,၀၀၀ ခန့်ရှိကာ စနေ၊ တနင်္ဂနွေ အပါအဝင် အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးဦးရေ ၃၀,၀၀၀ နှင့် ၅၀,၀၀၀ ကြားရှိ။
- သင်္ကြန်ကာလဖြစ်သော ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သံဃာတော် ၁,၇၆၃ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၁,၂၁၄ ပါး၊ အမျိုးသား ၅၂,၇၈၆ ဦး၊ အမျိုးသမီး ၆၆,၈၃၈ ဦး၊ နိုင်ငံခြားသား ၁၂၉ ဦး၊ နိုင်ငံခြားသူ ၈၇ ဦး စုစုပေါင်းဘုရားဖူးလာ ရောက်သူဦးရေ ၁၂၂,၈၁၇ ဦးရှိ။
Add new comment