ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာခရီးသွားများ ဝင်ရောက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်များ နှစ်နှစ်ကြာရပ်နားထားခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်မှစ ၍ နိုင်ငံတကာခရီးသွားများ ဝင်ရောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပြန်လည်ဖွင့်လှစ်ခဲ့ရာ နိုင်ငံတကာ လေကြောင်းလိုင်းဖြင့် ခရီးသွားများ တဖွဲဖွဲဝင်ရောက်လျက်ရှိပါသည်။

  • ဧပြီလ ၁၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ထွက်ခွာသော ခရီးသွား ၆၈၈ ဦးနှင့် ဝင်ရောက်သော ခရီးသွား ၃၉၃ ဦးရှိပြီး MAI ၊ MNA လေကြောင်းလိုင်းတို့မှ ဝန်ဆောင်မှုပေးခဲ့။
  • ဧပြီလ ၁၈ ရက်တွင် ဒူဘိုင်း၊ စင်ကာပူ၊ ဘန်ကောက်၊ မလေးရှားနိုင်ငံတို့မှ လေကြောင်းလိုင်း ၅ လိုင်းဖြင့် ခရီးသွား ၅၁၇ ဦး ဝင်ရောက်ခဲ့။
  • ဧပြီလ ၁၉ ရက်တွင် ဘန်ကောက်-ရန်ကုန် လေကြောင်းလိုင်းမှ ခရီးသွား ၃၂ ဦး၊ ကွာလာလမ်ပူ-ရန်ကုန်ခရီးစဉ်ဖြင့် ခရီးသွား ၁၀၆ ဦး၊ တရုတ် (ကွမ်ကျိုး)၊ တောင်ကိုရီးယား (အင်ချွန်း)၊  စင်ကာပူ၊   မလေးရှား၊   ထိုင်းနိုင်ငံတို့မှ လေကြောင်းလိုင်း ၅ လိုင်းဖြင့် ခရီးသွား ၂၈၈ ဦး ဝင်ရောက်ခဲ့။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသွားများဝင်ရောက်ရာ၌ လေဆိပ်တာဝန်ကျ ကျန်းမာရေးကောင်တာသို့ သွားရောက်၍-

  • ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း PCR Test ဆေးစစ်ချက်နှင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်တို့ကို ပြသရန်။
  • စာရွက်စာတမ်းများ စစ်ဆေးအတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ခရီးသည်များအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများကို လုပ်ဆောင်၍ မိမိတို့ခရီးဆောင်အိတ်များကို ရွေးယူရန်။
  • ဆိုက်ရောက်ဧရိယာမှထွက်ခွာအပြီး ခရီးသည်များသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စီစဉ်ထားရှိသော ကျန်းမာရေးကောင်တာ Quarantine ဝင်ရမည့် ဟိုတယ်အချက်အလက်များ ရယူရန်။
  • စာရင်းပေးသွင်းပြီး အသင့်စီစဉ်ထားရှိသော သယ်ယူပို့ဆောင်ရေးအစီအစဉ်ဖြင့် Quarantine ဝင်ရောက်မည့် ဟိုတယ်သို့ ထွက်ခွာနိုင်ရန် ဝန်ဆောင်မှုပေးထားကာ Commercial လေကြောင်းလိုင်းဖြင့် လိုက်ပါသော နိုင်ငံခြားခရီးသွားများအနေဖြင့် ဟိုတယ် Quarantine တစ်ရက် ဝင်ရောက်နိုင်ရန် ဝန်ဆောင်မှုပေးထား။

နိုင်ငံဖွံ့ဖြိုးတိုးတက်မည့် လုပ်ငန်းများသည် နိုင်ငံ၏ တံခါးပေါက်ဖြစ်သော လေဆိပ်များမှတစ်ဆင့် ဝင်ရောက်လေ့ရှိရာ နိုင်ငံခြားသားခရီးသွားများ ပိုပြီးဝင်ရောက်ရေးအတွက် ခရီးသွားလာရေးလုပ်ငန်းများအနေဖြင့် ပိုမိုဆွဲဆောင်စေနိုင်သော လုပ်ဆောင်မှုများလိုအပ်ပြီး မြန်မာနိုင်ငံ၏ သဘာဝ အလှကို  နိုင်ငံခြားခရီးသွားများ နှစ်ခြိုက်ကြခြင်းကြောင့် ခရီးသွားကဏ္ဍကို ပြန်လည်ကုစားရေးအတွက် ယခင်ထက် ပိုမိုကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

  • ဧပြီလ ၁၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပသို့ ထွက်ခွာသော ခရီးသွား ၆၈၈ ဦးရှိ။
  • ဧပြီလ ၁၇ ရက်မှ ၁၉ ရက်အထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယူအေအီး၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ တရုတ် (ကွမ်ကျိုး)၊ တောင်ကိုရီးယား (အင်ချွန်း) နိုင်ငံတို့မှ နိုင်ငံတကာခရီးသွား ၁,၃၃၆ ဦး ဝင်ရောက်ခဲ့။
  • ခရီးသွားများဝင်ရောက်ရာ၌ လေဆိပ်တာဝန်ကျ ကျန်းမာရေးကောင်တာသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း PCR Test ဆေးစစ်ချက် နှင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်တို့ကို ပြသရန်၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများကို လုပ်ဆောင်၍ မိမိတို့ခရီးဆောင်အိတ်များကို ရွေးယူရန်၊ Quarantine  တစ်ရက်ဝင်ရမည့် ဟိုတယ်အချက်အလက်များ ရယူရန်၊ စာရင်းပေးသွင်းပြီး အသင့်စီစဉ်ထားရှိသော သယ်ယူပို့ဆောင်ရေးအစီအစဉ်ဖြင့် Quarantine ဝင်ရောက်မည့် ဟိုတယ်သို့ ထွက်ခွာရန် ဝန်ဆောင်မှု ပေးထား။

Add new comment