အိန္ဒိယအစိုးရက လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ဆန်နှင့်ဂျုံတန်ချိန် (၈,၀၀၀) ခန့်အား မြန်မာနိုင်ငံသို့ လှူဒါန်း

အိန္ဒိယအစိုးရက လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ဆန် နှင့်ဂျုံတန်ချိန် (၈,၀၀၀) ခန့်အား မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။

အဆိုပါ ဆန်နှင့်ဂျုံများကို မြို့နယ် (၁၁) မြို့နယ်သို့ ဖြန့်ဝေနိုင်ရေးလုပ်ငန်းညှိ နှိုင်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တိုင်းမှူးနှင့် တာဝန်ရှိသူများအား VIDEO CONFERENCING စနစ်ဖြင့် ၎င်းမြို့နယ်များရှိ ပြည်သူများထံသို့ စနစ်တကျရောက်ရှိစေရေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

အိန္ဒိယအစိုးရက လှူဒါန်းသည့် ဆန်နှင့်ဂျုံများထားရှိမည့် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ အေးရှားဝေါလ်ဆိပ်ကမ်းနှင့် မြန်မာ့စက်မှုဆိပ်ကမ်းတို့တွင် အဆင်ပြေစွာထုတ်ယူနိုင်ရေး ဆောင်ရွက်ထားရှိနေမှုများအား ဧပြီလ ၁၉ ရက်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  • အိန္ဒိယအစိုးရက လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ဆန်နှင့်ဂျုံတန်ချိန် (၈,၀၀၀) ခန့်အား မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းခဲ့။
  • ဆန်နှင့်ဂျုံများထားရှိမည့် ဆိပ်ကမ်းများတွင် အဆင်ပြေစွာထုတ်ယူနိုင်ရေး ဆောင်ရွက်ထားရှိနေမှုများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။

Add new comment