ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဧပြီလ ၁၉ ရက်အထိ လူဦးရေစုစုပေါင်း ၂၈ ဒသမ ၈၅ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၂၂ ဒသမ ၃၉ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆ ဒသမ ၄၆ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၅၂ ဒသမ ၄၄ သန်းထိုးနှံပြီးဖြစ်။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၁၉ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်းထိုးနှံပြီးစီးသူ ၁,၁၉၁,၃၁၃ ဦးရှိ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ၂၅-၇-၂၀၂၁ ရက်မှ ၁၉-၄-၂၀၂၂ ရက်အထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ နယ်စပ်ဂိတ်တို့မှတစ်ဆင့် ၇၅,၁၇၅ ဦးပြန်လည်ဝင်ရောက်လာခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ် ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၁၉ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၀,၃၄၅ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၆ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၀.၅၄ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၁၉-၄-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၈၄၈,၈၉၇ ခု အားစစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၆၁၂,၆၅၈ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၃၄ ဦးရှိကြောင်း သိရှိရပါသည်။
|
Add new comment