နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ဧပြီလ ၁၉ ရက်တွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association) နှင့် ပြင်ဦးလွင်ကော်ဖီ ဥယျာဉ် (Pyin Oo Lwin Coffee Park) ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association) မှ တာဝန်ရှိသူများက ကော်ဖီစိုက်ပျိုးမှု၊ သီးခြမ်းကြိတ်ခွဲမှုမှ ကော်ဖီထုတ်လုပ်ပုံအဆင့်ဆင့်၊ ပျိုးပင်များ ပျိုးထောင်ဆောင်ရွက်မှု၊ ကော်ဖီအရသာနှင့် အရည်အသွေးထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်နေမှု၊ Grade အလိုက်ခွဲခြား၍ သိုလှောင်ထားပြီး ဝယ်ယူသူလက်ဝယ်သို့ ရောက်ရှိအောင် ဖြန့်ဝေဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်ပတ်သက်၍ Video Clip များဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- မြန်မာနိုင်ငံမှထွက်ရှိသည့် မြန်မာ့ကော်ဖီ (Myanmar Coffee) Brand ကို တစ်ကမ္ဘာလုံးက လက်ခံကြိုက်နှစ်သက်ပြီး အားပေးရသည်အထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
- သင်္ကြန်မတိုင်မီကာလတွင် ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့စဉ်၌ ၎င်းတို့တင်ပြထားသည့်ကော်ဖီ Association ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ဝန်ကြီးများ၊ တစ်နိုင်ငံလုံးရှိ ကော်ဖီစိုက်ပျိုးသည့် ဒေသအလိုက်ဝန်ကြီးချုပ်များနှင့်တာဝန်ရှိသူများ၊ ကော်ဖီစိုက်လုပ်ငန်းရှင်များပူးပေါင်း၍ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပေးပြီးဖြစ်ကြောင်း။
- မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေးသိပ္ပံ၊ ကောလိပ်များကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း။
- စိုက်ပျိုးရေးအတွက် လိုအပ်သည့် မြေဩဇာကဲ့သို့သော သွင်းအားစုများကို မွေးမြူရေးမှရရှိလာသည့် စွန့်ပစ်ပစ္စည်းများ၊ သဘာဝမြေသြဇာများ၊ စိုက်ပျိုးရေး စွန့်ပစ်ကုန်များမှထုတ်လုပ်၍ အသုံးချနိုင်ရေး လုပ်ဆောင်နိုင်ရမည်ဖြစ်ကြောင်းပြောကြားပြီး အခြားသိရှိလိုသည်များနှင့် လိုအပ်သည်များကို မေးမြန်းဆွေးနွေးပြော ကြားခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ သည် ကော်ဖီဓာတ်ခွဲခန်းတွင်း ကော်ဖီအရည်အသွေးအနံ့ အရသာစမ်းသပ်ဆောင်ရွက်နေမှုအခြေအနေများနှင့် Mandalay Coffee Group (MCG) စက်ရုံအတွင်း လှည့်လည်၍ အရည်အသွေးခွဲခြားခြင်း၊ အခြောက်ကြိတ်ခွဲခြင်း၊ အဆင့်လိုက်သိုလှောင်ခြင်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုလေ့လာခဲ့။
ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)အား ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ကော်ဖီမျိုးများကို စိုက်ပျိုးရာတွင် မျိုးအများအပြားဆောင်ရွက်မည့်အစား လုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေး တည်ငြိမ်ပြီး ဈေးနှုန်းခိုင်မာသင့်တင့်သည့် မျိုးများကို ရွေးချယ်ဆောင်ရွက်ကြရန် လိုကြောင်းနှင့် လေ့လာသူများကို လည်း ကော်ဖီစိုက်ပျိုးရေးကို စိတ်ပါဝင်စားလာစေရေး စနစ်တကျလမ်းညွှန် ရှင်းလင်းပြသရန်လိုကြောင်း။
- ပြင်ဦးလွင်ကော်ဖီဥယျာဉ်အနေဖြင့် ကော်ဖီစိုက်လုပ်ငန်းရှင်များကို အကျိုးဖြစ်ထွန်းစေနိုင်မည့် အကြံဉာဏ်များကိုပေးနိုင်ရမည်ဖြစ်ပြီး မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ဆောင်ရွက်ရာတွင် အထောက်အကူပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင် ကော်ဖီဥယျာဉ်အတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
- မြန်မာနိုင်ငံမှထွက်ရှိသည့် မြန်မာ့ကော်ဖီ (Myanmar Coffee) Brand ကို တစ်ကမ္ဘာလုံးက လက်ခံကြိုက်နှစ်သက်ပြီး အားပေးရသည်အထိ ထိုးဖောက်နိုင်အောင်ဆောင် ရွက်သွားရမည်ဖြစ်။
- သင်္ကြန်မတိုင်မီကာလတွင် ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့စဉ်၌ ၎င်းတို့တင်ပြထားသည့်ကော်ဖီ Association ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ တစ်နိုင်ငံလုံးရှိ ကော်ဖီစိုက်ပျိုးသည့်ဒေသအလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကော်ဖီစိုက်လုပ်ငန်းရှင်များပူးပေါင်း၍ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပေးပြီးဖြစ်။
- မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေးသိပ္ပံ၊ ကောလိပ်များကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် ဆောင်ရွက်လျက်ရှိ။
- ပြင်ဦးလွင်ကော်ဖီဥယျာဉ်အနေဖြင့် ကော်ဖီစိုက်လုပ်ငန်းရှင်များကို အကျိုးဖြစ်ထွန်းစေနိုင်မည့် အကြံဉာဏ်များကိုပေးနိုင်ရမည်ဖြစ်ပြီး မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ဆောင်ရွက်ရာတွင် အထောက်အကူပေးနိုင်ရမည်ဖြစ်။
Add new comment