ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်နှင့်လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၁၈ ရက်တွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
- တပ်မတော်တိုင်းတွင် စွမ်းရည်ထက်မြက်ရေးအတွက် လေ့ကျင့်ရေးသည် မရှိမဖြစ်လိုအပ်ပြီး စွမ်းရည်စွမ်းအားရှိသည့် အရည်အချင်းရှိသည့် တပ်မတော်ကို လေ့ကျင့်ရေးဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း။
- “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း သင်ကြားပေးထားသည်ကို လိုက်နာနေထိုင်ခြင်းသည် တစ်ဦးချင်းနှင့် တစ်ဖွဲ့၏ အရည်အချင်းကို ထိန်းသိမ်းမြှင့်တင်နေခြင်းဖြစ်သည်ဟု ခံယူရမည်ဖြစ်ကြောင်း။
- စစ်သည်တိုင်းကို စစ်အခြေခံလေ့ကျင့်ရေးမှသည် တာဝန်ထမ်းဆောင်သည့် နေရာဌာနအပေါ်မူတည်၍ တစ်ဆင့်မြင့်လေ့ကျင့်ရေးများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း။
- နည်းပြများသည်လည်း အရည်အသွေးပြည့်ဝရန်လိုပြီး အရည်အချင်းရှိသည့် နည်းပြများဖြစ်ရန်လိုကြောင်းနှင့် နည်းပြများအနေဖြင့် ကိုယ်တိုင်ဖတ်ရှုလေ့လာ မှတ်သား၍ တစ်ဦးချင်း အရည်အသွေးရှိအောင် ဆောင်ရွက်ထားရမည်ဖြစ်ပြီး သင်တန်းသားများ နားလည်သဘော ပေါက်အောင် သင်ကြားပြသပေးနိုင်သည့် အရည်အချင်းများရှိရမည်ဖြစ်ကြောင်း။
- လေ့ကျင့်သားမပြည့်ဝခြင်းသည် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ် စေနိုင်သည့်အတွက် စနစ်တကျလေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း။
- လေ့ကျင့်ဆောင်ရွက်ပေးရာတွင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်ပေးရန်လိုအပ်သည်ဖြစ်ရာ အာဟာရပြည့်မီအောင် တွက်ချက်၍ ပြည့်ပြည့်ဝဝကျွေးရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ပေးမှသာလျှင် စစ်သည်တစ်ဦးချင်း ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးလာမည် ဖြစ်ကာ စစ်သားကောင်းတစ်ယောက်ပီသသည့် ရုပ်ပိုင်းဆိုင်ရာကို တည်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း။
- လေ့ကျင့်ရေးမှသည် အရည်အသွေးပြည့်ဝကောင်းမွန်သည့် အရာရှိ၊ စစ်သည် များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သဖြင့် ကျောင်းများအလိုက် လေ့ကျင့်ရေးပိုင်းဆိုင်ရာများကို စနစ်တကျနှင့် ဖိဖိစီးစီးဆောင်ရွက်ကြရန်လိုကြောင်း။
- စစ်အတတ်ပညာသည် မိမိကိုယ်ကိုကာကွယ်နိုင်ရန်ဖြစ်ပြီး လုပ်ငန်းပိုင်းနှင့် သက်ဆိုင်သည့် အတတ်ပညာသည် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူကောင်းမွန်စေရန်ဖြစ်ကြောင်း။
- လက်ရုံးတပ်ဖွဲ့အလိုက် အမျိုးသမီးအရာရှိ၊ စစ်သည်များ တာဝန်ထမ်းဆောင်လျက်ရှိပြီး ညီရင်းအကို၊ မောင်ရင်းနှမ စိတ်ဓာတ်တို့ဖြင့် လက်တွဲခေါ်ဆောင် သင်ကြားပေးရန်လိုကြောင်းနှင့် တစ်ဦးချင်း အပြန်အလှန်လေးစားစွာဖြင့် စောင့်ရှောက်ရန်လိုပြီး အမျိုးသမီးစစ်သည်များ၏ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ပေးရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။
ပြင်ဦးလွင်တပ်နယ်အတွင်းရှိ လေ့ကျင့်ရေးသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့က တပ်မတော်လေ့ကျင့်ရေးပိုင်းဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ တပ်မတော်အုပ်ချုပ်မှုကျောင်းအတွင်း ဥပဒေဒီပလိုမာသင်တန်းအရာရှိများအား တွေဆုံအမှာစကားပြောကြားခဲ့ရာ-
- မိမိတို့သည် ပါတီစုံဒီမိုကရေစီကို လျှောက်လှမ်းနေခြင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်နေခြင်းဖြစ်သည့်အတွက် ဥပဒေကို ပိုမိုသိရှိ လိုက်နာရမည်ဖြစ်ကြောင်း။
- ဥပဒေသည် စည်းကမ်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး စည်းကမ်းသည် ကျင့်ဝတ်နှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းပင်ဖြစ်သောကြောင့် ဥပဒေ၏ အနှစ်သာရနှင့် အခြေခံကို သိရှိမှသာလျှင် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် သင်ကြားပေးသည့် ဥပဒေပိုင်းဆိုင်ရာ ပညာရပ်များကို အမှန်တကယ်သိရှိ တတ်မြောက်အောင် သင်ယူကြစေလိုကြောင်း။
- နိုင်ငံတကာတွင်လည်း မည်သည့်ကိစ္စမဆို ဥပဒေနှင့်အညီသာ ဆောင်ရွက်ကြသည်ဖြစ်သည့်အတွက် ဥပဒေပညာရပ်သည် မဖြစ်မနေသိသင့်သိထိုက်သည့် ပညာရပ်တစ်ခုပင်ဖြစ်ကြောင်း။
- ဥပဒေပညာရပ်သည် မိမိတို့၏ အုပ်ချုပ်ရေးစွမ်းရည်ကို ပိုမိုမြှင့်တင်ပေးနိုင်စေမည်ဖြစ်ပြီး သင်တန်းပြီးစီးပါကလည်း မိမိတို့၏ ရဲဘော်ရဲဘက်များ၊ စစ်သည်များကို ဥပဒေနှင့်ပတ်သက်သည့် အသိပညာများကို မျှဝေပေးရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းအထောက်အကူပြုဆိုင်ရာ ဥပဒေစာအုပ်စာတမ်းများ၊ စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
- တပ်မတော်တိုင်းတွင် စွမ်းရည်ထက်မြက်ရေးအတွက် လေ့ကျင့်ရေးသည် မရှိမဖြစ်လိုအပ်ပြီး စွမ်းရည်စွမ်းအားရှိသည့် အရည်အချင်းရှိသည့် တပ်မတော်ကို လေ့ကျင့်ရေးဖြင့် တည်ဆောက်ရမည်ဖြစ်။
- “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း သင်ကြားပေးထားသည်ကို လိုက်နာနေထိုင်ခြင်းသည် တစ်ဦးချင်းနှင့် တစ်ဖွဲ့၏ အရည်အချင်းကို ထိန်းသိမ်းမြှင့်တင်နေခြင်းဖြစ်သည်ဟု ခံယူရမည်ဖြစ်။
- စစ်အတတ်ပညာသည် မိမိကိုယ်ကိုကာကွယ်နိုင်ရန်ဖြစ်ပြီး လုပ်ငန်းပိုင်းနှင့် သက်ဆိုင်သည့် အတတ်ပညာသည် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ဆောင်ရွက်ရာ တွင် ပိုမိုလွယ်ကူကောင်းမွန်စေရန်ဖြစ်။
- လက်ရုံးတပ်ဖွဲ့အလိုက် အမျိုးသမီးအရာရှိ၊ စစ်သည်များ တာဝန်ထမ်းဆောင်လျက်ရှိပြီး ညီရင်းအကို၊ မောင်ရင်းနှမ စိတ်ဓာတ်တို့ဖြင့် လက်တွဲခေါ်ဆောင် သင်ကြားပေးရန်လိုကြောင်းနှင့် တစ်ဦးချင်း အပြန်အလှန်လေးစားစွာဖြင့် စောင့်ရှောက်ရန်လိုပြီး အမျိုးသမီးစစ်သည် များ၏ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ပေးရန်လို။
- မိမိတို့သည် ပါတီစုံဒီမိုကရေစီကို လျှောက်လှမ်းနေခြင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်နေခြင်းဖြစ်သည့်အတွက် ဥပဒေကို ပိုမိုသိရှိလိုက်နာရမည်ဖြစ်ကြောင်း။
- ဥပဒေသည် စည်းကမ်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး စည်းကမ်းသည် ကျင့်ဝတ်နှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းပင်ဖြစ်။
- နိုင်ငံတကာတွင်လည်း မည်သည့်ကိစ္စမဆို ဥပဒေနှင့်အညီသာ ဆောင်ရွက်ကြသည်ဖြစ်သည့်အတွက် ဥပဒေပညာရပ်သည် မဖြစ်မနေသိသင့်သိထိုက်သည့် ပညာရပ်တစ်ခုပင်ဖြစ်။
Add new comment