မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့က ပြည်သူ့စာကြည့်တိုက်များအတွက် ကွန်ပျူတာနှင့် ပရင်တာများ ပေးအပ်လှူဒါန်း

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(China Foundation for Peace and Development)တို့ ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက်များသို့ ကွန်ပျူတာနှင့်ကာလာပရင်တာ ၃၅ စုံ ပေးအပ်လှူဒါန်းပွဲကို ဧပြီလ ၁၈ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ပါသည်။

လှူဒါန်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက-

  • ၂၀၁၃ ခုနှစ်မှစ၍ ယနေ့အထိ တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ၁၈ ခု ဖွင့်လှစ်ထားရှိပြီး အစည်းအဝေးခန်းမ၊ သင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမ၊ ကွန်ပျူတာခန်း၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်၊ အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်ကာ ပြည်သူများအသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး အခမဲ့အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း။
  • ခရိုင်၊ မြို့နယ်နှင့်မြို့ရုံးများတွင် ဖွင့်လှစ်ထားရှိသော ပြည်သူ့စာကြည့်တိုက်များတွင် သမားရိုးကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော စာအုပ်စာစောင်များ မှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးဆွဲခြင်း၊ ငှားရမ်းခြင်းလုပ်ငန်းများကို ပြောင်းလဲတိုးတက်လာသည့် နည်းပညာများနှင့်အညီ Digital Library စနစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software ကို ရေးဆွဲဆောင်ရွက်ပြီးဖြစ်ကြောင်း။
  • ဌာနက ထုတ်ပေးမည့် ကွန်ပျူတာများနှင့် ယခုလှူဒါန်း လက်ခံရရှိသည့် ကွန်ပျူတာများဖြင့် Digital Library စနစ် ဆောင်ရွက်မည့် ရုံးများရှိ စာကြည့်တိုက်မှူးများအား e-Library Management System Software အသုံးပြုနည်း သင်တန်းပို့ချပေးနိုင်ရေးကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
  • Web Browser တွင် www.publiclibrary.gov.mm Domain အမည်အားရရှိ ထားပြီးဖြစ်သည့်အပြင် Web Hosting Service ကိုလည်း ရယူထားပြီးဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ် မေလမှစတင်၍ စာကြည့်တိုက်လုပ်ငန်းများကို Digital Library စနစ်ဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့။

လှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 
   
  • ပြည်သူ့စာကြည့်တိုက်များတွင် သမားရိုးကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော စာအုပ်စာစောင်များ မှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးဆွဲခြင်း၊ ငှားရမ်းခြင်း လုပ်ငန်းများအတွက် e-Library Management System Software ကို ရေးဆွဲဆောင်ရွက်ပြီးဖြစ်။
  • ဌာနက ထုတ်ပေးမည့် ကွန်ပျူတာများနှင့် ယခုလှူဒါန်း လက်ခံရရှိသည့် ကွန်ပျူတာများဖြင့် Digital Library စနစ် ဆောင်ရွက်မည့် ရုံးများရှိ စာကြည့်တိုက်မှူးများအား e-Library Management System Software အသုံးပြုနည်း သင်တန်းပို့ချပေးနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်။
  • Web Browser တွင် www.publiclibrary.gov.mm Domain အမည်အားရရှိထားပြီးဖြစ်သည့်အပြင် Web Hosting Service ကိုလည်းရယူထားပြီးဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ် မေလမှစတင်၍ စာကြည့်တိုက်လုပ်ငန်းများကို Digital Library စနစ်ဖြင့် ဆောင်ရွက် နိုင်မည်ဖြစ်။

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 870819544675074b028f874.48382461 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).