ပြည်ပပို့ကုန် ကဏန်းပျော့ ရခိုင်ပြည်နယ်တွင် တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရန် ကြိုးပမ်း

ပြည်ပပို့ကုန်ဈေးကွက် ခိုင်မာစွာရရှိထားသော ရခိုင်ပြည်နယ်မှ ကဏန်းပျော့များအား စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့နယ်တို့ရှိ  စုစုပေါင်း ၁၆၇.၅၀ ဧကတွင် မွေးမြူရေးကန် ၁၃ ကန်ဖြင့် မွေးမြူထုတ်လုပ်လျက်ရှိရာ ယခုအခါ ဧက ၅၀၀ ခန့်အထိ တိုးချဲ့ မွေးမြူထုတ်လုပ် နိုင်ရန် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ကဏန်းပျော့ထုတ်လုပ်သောလုပ်ငန်းတွင် ကုန်ကြမ်းမှ ကုန်ချောအဖြစ် တန်ချိန် ၆၀၀ ကျော်အထိ တိုးတက်ထုတ်လုပ်လျက်ရှိရာ-

  • ဒေသရွှံ့ကဏန်းမျိုးစိတ်ကို ဦးစွာ ကုန်ကြမ်းစုဆောင်းခြင်း၊ ၁၀၀ ဂရမ်အထက်အား အရေပျော့မွေးကန်သို့ ပေးပို့ခြင်းနှင့် အရေခွံလဲသည့်အထိ (၄၅-၆၀) ရက် အထိ မွေးမြူခြင်း။
  • အရေပျော့ကဏန်းဖမ်းဆီးခြင်းနှင့် အရေခွံများ ပြန်မမာစေရန် 15ppm ကလိုရင်း ဖြတ်၍ မိနစ် ၃၀ ခန့် ရေချိုစိမ်ခြင်း။
  • ကုန်ချောထုတ်လုပ်ရန် အအေးခန်းသို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်ပြီး ကုန်ချောပြုပြင်ထုတ်လုပ်မှုတွင်   ကဏန်းပျော့မွေးကန်မှ ပေးပို့သော ကဏန်းများကို လက်ခံရယူခြင်း။
  • ရရှိပြီးသော ကဏန်းပျော့များအား ဆေးကြောခြင်း၊ ပိုးသတ်ခြင်း၊ ပုံစံညှပ်ခြင်း၊ သန့်စင်ခြင်း၊ အရွယ်အစားရွေးခြင်း၊ ထပ်မံပိုးသတ်ခြင်း၊ ချိန်တွယ်ခြင်း၊ အေးခဲခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းနှင့် ဈေးကွက်သို့ တင်ပို့သည့်စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ။

ကဏန်းမှ ကဏန်းပျော့အဖြစ် ပြောင်းလဲရာတွင် ကျန်ရှိခဲ့သော ကဏန်းအခွံနှင့် ခြေလက်များအား ယခင်က စွန့်ပစ်လေ့ရှိပြီး ယခုအခါ ထိုအခွံများကို ကြိတ်၍  ငါးအစာနှင့် မြေဩဇာအဖြစ် အဆင့်မြင့်ပြုပြင်ထုတ်လုပ်မှုဖြင့် ရေထွက်ကုန်ထုတ်လုပ်မှုတွင် တန်ဖိုးမြှင့်ထုတ်လုပ်လျက်ရှိကာ ဒေသခံများ လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေ ကြောင်း သိရှိရပါသည်။

  • ရခိုင်ပြည်နယ်မှ ကဏန်းပျော့များအား စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့နယ်တို့ရှိ  စုစုပေါင်း ၁၆၇.၅၀ ဧကတွင် မွေးမြူရေးကန် ၁၃ ကန် ဖြင့် မွေးမြူထုတ်လုပ်လျက်ရှိရာ ယခုအခါ ဧက ၅၀၀ ခန့်အထိ တိုးချဲ့မွေးမြူ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိ။
  • ကဏန်းပျော့များအား ဆေးကြောခြင်း၊ ပိုးသတ်ခြင်း၊ ပုံစံညှပ်ခြင်း၊ သန့်စင်ခြင်း၊ အရွယ်အစားရွေးခြင်း၊ ထပ်မံပိုးသတ်ခြင်း၊ ချိန်တွယ်ခြင်း၊ အေးခဲခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းနှင့် ဈေးကွက်သို့ တင်ပို့သည့်စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ။

Add new comment