နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံ၍ မြို့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးမှာကြား ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် တာဝန်ရှိသူများက ပြင်ဦးလွင်ဒေသဆိုင်ရာအချက်အလက်များနှင့် အထွေထွေလိုအပ်ချက်များ၊ ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက်နှင့် တိုင်းဒေသကြီးအစိုးရအဆင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြ မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ကော်ဖီလုပ်ငန်းရှင်များအနေဖြင့် ကော်ဖီစိုက်ပျိုးနိုင်ရေး ၎င်းတို့ကိုယ်တိုင် နိုင်ငံပိုင် မြေဧရိယာများလျှောက်ထားခြင်းဖြစ်ပြီး နိုင်ငံတော်က ခွင့်ပြုပေးခြင်းဖြစ်သည့်အတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းအတိုင်းသာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • ကော်ဖီ association ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တစ်နိုင်ငံလုံးရှိ ကော်ဖီစိုက်ပျိုးသည့်ဒေသအလိုက် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ ပူးပေါင်း၍ အဖွဲ့အစည်းတစ်ခုဖွဲ့နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ကော်ဖီစိုက်ဧကများအလိုက် အဆောက်အဦဆောက်လုပ်ခွင့် သတ်မှတ်ချက်များကို ခေတ်ကာလနှင့်လျော်ညီပြီး လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသည်များအလိုက် ပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း။
  • မိမိတို့ တာဝန်ထမ်းဆောင်နေသည့်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင် လုပ်ဆောင်ပေးခြင်းဖြင့် မြှင့်တင်နိုင်ရမည်ဖြစ်ကြောင်း။
  • ပြင်ဦးလွင်ကော်ဖီသည် ပြည်တွင်း၊ ပြည်ပ၌ နာမည်ကောင်းရပြီးသားဖြစ်သည့်အတွက် ကော်ဖီထုတ်ကုန်ကိုအခြေခံသည့် အဆင့်မြင့်ပို့ကုန်လုပ်ငန်းကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း။
  • ပြင်ဦးလွင်မြို့သည် လေကောင်းလေသန့်ရရှိပြီး နှစ်လိုဖွယ်ရာသီဥတုရှိပြီးသားဖြစ်သည့်အတွက် ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ကျန်းမာရေးမြို့တော်အသွင်အဖြစ်လည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း။
  • ပညာရေးနှင့်ပတ်သက်၍ အစဉ်အလာကောင်းရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီဥတု သာယာ၍ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးကို အထောက်အကူဖြစ်စေသဖြင့် ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • ပြင်ဦးလွင်သည် ထူးခြားသောဝိသေသရှိသည့် မြို့တော်တစ်ခုဖြစ်၍ ခရီးသွားမြို့ တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးကို ဦးစားပေးဆောင်ရွက်ပေးရန်လိုပြီး ရှေးဟောင်းသမိုင်းဝင်အဆောက်အဦများစွာရှိသည့်အတွက် ရှေးမူမပျက် ထိန်းသိမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
  • ထိုသို့ ထိန်းသိမ်းဆောင်ရွက်သည်ဖြစ်သော်လည်း မြို့တစ်မြို့ ဖွံ့ဖြိုးတိုးတက်လာပါက အထပ်မြင့်အဆောက်အဦများ၊ မြို့ပြအဆောက်အဦများလည်း လိုအပ်လာမည်ဖြစ်သဖြင့် အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်နိုင်ရေးအတွက်လည်း သီးခြားမြေနေရာများကို သတ်မှတ် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စနစ်ကျနသည့် မြို့အကွက်ချပုံစံဖြင့် ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း။
  • လမ်းများစနစ်ကျနစေရေးအတွက် မြို့တွင်းလမ်းများကို စနစ်ကျနမှုရှိစေရေး လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လမ်းဧရိယာကို ဦးစွာသတ်မှတ်ဆောင်ရွက်ပြီးမှသာလျှင် သစ်ပင်များကို စိုက်ပျိုးရမည်ဖြစ်ပြီး စိုက်ပျိုးရာတွင်လည်း မျက်နှာချင်း ဆိုင်သစ်ပင်စိုက်ပျိုးခြင်းအစား  Zig Zag စနစ်ဖြင့် စိုက်ပျိုးကြစေလိုကြောင်း။
  • ယခင်ကတည်းကပင် ရှိပြီးသားဖြစ်သည့် ပြင်ဦးလွင်ဒေသ၏ အခြေခံကောင်းများကို ခေတ်မီနည်းပညာ၊ အတတ်ပညာတို့ဖြင့် ပေါင်းစပ်အသုံးချလျက် စနစ်တကျနှင့် ပိုမိုပြည့်စုံအောင်‌ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

  • မိမိတို့ တာဝန်ထမ်းဆောင်နေသည့်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင် လုပ်ဆောင်ပေးခြင်းဖြင့် မြှင့်တင်နိုင်ရမည်ဖြစ်။
  • ပြင်ဦးလွင်ကော်ဖီသည် ပြည်တွင်း၊ ပြည်ပ၌ နာမည်ကောင်းရပြီးသားဖြစ်သည့်အတွက် ကော်ဖီထုတ်ကုန်ကိုအခြေခံသည့် အဆင့်မြင့်ပို့ကုန်လုပ်ငန်းကို ဖော်ဆောင်ရမည်ဖြစ်။
  • ပြင်ဦးလွင်မြို့သည် လေကောင်းလေသန့်ရရှိပြီး နှစ်လိုဖွယ်ရာသီဥတု ရှိပြီးသားဖြစ်သည့်အတွက် ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်အပြင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် ကျန်းမာရေးမြို့တော်အသွင်အဖြစ်လည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်။
  • ပြင်ဦးလွင်သည် ထူးခြားသောဝိသေသရှိသည့် မြို့တော်တစ်ခုဖြစ်၍ ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးကို ဦးစားပေးဆောင်ရွက်ပေးရန်လိုပြီး ရှေးဟောင်းသမိုင်းဝင်အဆောက်အဦများစွာရှိသည့်အတွက် ရှေးမူမပျက် ထိန်းသိမ်းဆောင်ရွက်ကြရ မည်ဖြစ်။

Add new comment