နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ ၁၈ ရက်တွင် ပြင်ဦးလွင်မြို့၊ အမျိုးသားကန် တော်ကြီးဥယျာဉ်နှင့် ဘုရင်ခံအိမ်တော် (Governor House) ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် ဥယျာဉ်သန့်ရှင်းသာယာလှပရေးအတွက် ဥယျာဉ်ဝန်ထမ်းများဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ကန်တော်ကြီးသည် ပြင်ဦးလွင်မြို့၏ land mark ဖြစ်ကြောင်း၊ ဥယျာဉ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်းစားဆောင်ရွက်စေလိုကြောင်း၊ အမျိုးသားဥယျာဉ်ဖြစ်၍ ပန်းခြံသီးသန့်ကိုသာ ထိန်းသိမ်းအဆင့်မြှင့်တင်ခြင်းမဟုတ်ဘဲ ဥယျာဉ်သို့ လာရောက်လည်ပတ်သူများကို အဓိက ဆွဲဆောင်ထားသည့် ရေကန်များသာယာလှပရန်နှင့် ရေကိုစနစ်တကျထိန်းသိမ်းထားရှိမှသာလျှင် လာရောက်လည်ပတ်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း။
- ရေဝင်ရောက်ရန်နှင့် ရေကိုထိန်းသိမ်းနိုင်ရေးအတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်၍ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း။
- စိုက်ပျိုးရေးခြံများကို အလုံပိတ်စနစ်ဖြင့် ကာရံခြင်းတို့ကြောင့် စိမ့်ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့်အတွက် ရေဝင်ရောက်မှု နည်းပါးလာခြင်းဖြစ်ကြောင်း။
- ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြေရေးနှင့် ကန်တော်ကြီးဥယျာဉ် ရေဝင်ရောက်မှု၊ ရေထိန်းသိမ်းနိုင်မှုတို့ကို ဟန်ပြအနေဖြင့်သာ ဆောင်ရွက်ခြင်း မဖြစ်စေလိုဘဲ စနစ်တကျဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်ကြစေလိုကြောင်း။
- ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်အဖြစ် ဆောင်ရွက်လျက်ရှိသည့်အတွက် ကန်တော်ကြီးဥယျာဉ်အတွင်း၌လည်း စနစ်တကျဖြင့် သန့်ရှင်းသာယာလှပမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- လက်ရှိတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီး လိုအပ်သည်များကို ဖြေလျော့ပေးပြီးဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများလာရောက်ရာတွင် အဆင့်မီသည့် ဥယျာဉ်ကြီး တစ်ခုအဖြစ်ရှိနေစေရေး ဆောင်ရွက်ထားရန် လိုကြောင်း၊ နဂိုရှိရင်းစွဲ နာမည်ကျော်ကြားမှုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း။
- ဥယျာဉ်ကို လက်ရှိတာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှ သန့်ရှင်းသာယာလှပရေးအပိုင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး အစိုးရတာဝန်ရှိသူများနှင့်လည်း လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြန်လည် ဆွေးနွေးမှာကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်းနှင့် ကန်တော်လေးရေထိန်းတံခါး ပြုလုပ်ဆောင်ရွက်ထားရှိသည့်နေရာသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
အဆိုပါ အမျိုးသားကန်တော်ကြီးဥယျာဉ်တော်အတွင်းရှိ ရေကန်များသို့ ယခင်နှစ်ပိုင်းက ရေဝင်ရောက်မှုများ နည်းပါးနေသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့သို့ လာရောက်သည့် ခရီးစဉ်များတွင် ကန်တော်ကြီးရေကန်များ၏ ရေဝေရေလဲကောင်းမွန်စေရေးနှင့် ရေဝင်ရောက်မှုများ များပြားစေရေးအတွက် ဥယျာဉ်တော်အတွင်းနှင့် ရေဝေရေလဲဧရိယာအတွင်းရှိ ညောင်နီရေထွက် အပါအဝင် သဘာဝရေထွက်များအား လိုက်လံကြည့်ရှုလမ်းညွှန်မှာကြားချက်အရ သက်ဆိုင်ရာ ဌာနများက ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ခဲ့ရာ ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှုမှာ ယခင်နှစ်စစ်ဆေးစဉ် ရေလှောင်ကန်အတွင်း ကန်ရေအနက်ပေ ၁၆ ပေ သာရှိခဲ့ရာမှ ယခုအခါတွင် ပေ ၂၀ သို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင်ခံအိမ်တော်(Governor House)သို့ ရောက်ရှိကြပြီး ဘုရင်ခံအိမ်တော်(Governor House) ပတ်ဝန်းကျင်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျရှိရန်နှင့် မျက်စိပသာဒဖြစ်ရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။
- နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ဘုရင်ခံအိမ်တော် (Governor House) ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
- ကန်တော်ကြီးသည် ပြင်ဦးလွင်မြို့၏ land mark ဖြစ်ကြောင်း၊ ဥယျာဉ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်းစားဆောင်ရွက်စေလိုကြောင်း၊ အမျိုးသားဥယျာဉ်ဖြစ်၍ ပန်းခြံသီးသန့်ကိုသာ ထိန်းသိမ်းအဆင့်မြှင့်တင်ခြင်းမဟုတ်ဘဲ ဥယျာဉ်သို့ လာရောက်လည်ပတ်သူများကို အဓိကဆွဲဆောင်ထားသည့် ရေကန်များ သာယာလှပရန်နှင့် ရေကိုစနစ်တကျ ထိန်းသိမ်းထားရှိမှသာလျှင် လာရောက်လည်ပတ်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်။
- ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်အဖြစ် ဆောင်ရွက်လျက်ရှိသည့်အတွက် ကန်တော်ကြီးဥယျာဉ်အတွင်း၌လည်း စနစ်တကျဖြင့် သန့်ရှင်းသာယာလှပမှုရှိအောင် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်။
- နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ သက်ဆိုင်ရာဌာနများက ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ခဲ့ရာ ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှုမှာ ယခင်နှစ်စစ်ဆေးစဉ် ရေလှောင်ကန်အတွင်း ကန်ရေအနက်ပေ ၁၆ ပေသာရှိခဲ့ရာမှ ယခုအခါတွင် ပေ ၂၀ သို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ။
Add new comment