မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတစ်ဝန်း ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အခါသမယတွင် နိုင်ငံတစ်ဝန်း၌ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာမပျက် ကုသိုလ်ကောင်းမှုပြုသူများဖြင့် ကြိတ်ကြိတ်တိုး စည်းကားခဲ့ပါသည်။

  • နေပြည်တော်ကောင်စီနယ်မြေရှိ ထင်ရှားသော ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား အပါအဝင် အခြားတန်ခိုးကြီးဘုရားစေတီများတွင် ဥပုသ်သီလခံယူဆောက်တည်ကြသူများ၊ စတုဒိသာကျွေးမွေးလှူးဒါန်းကြသူ များဖြင့် စည်ကားခဲ့ပြီး ဇီဝိတဒါနအဖြစ် ငါးနှင့် ငှက်များကို  ဘေးမဲ့လွှတ်ကြခြင်းဖြင့်လည်း  ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့။
  • ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်အပါအဝင် တန်ခိုးကြီးဘုရားများသို့ ဘုရားဖူး လာပြည်သူများဖြင့် စည်ကားခဲ့ရာ မြတ်စွာဘုရားရှင်အား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီးမီးများ ဆက်ကပ်လှူဒါန်းမှုများ တွေ့မြင်ခဲ့ရပြီး ဘုရားဖူးလာပြည်သူများအား ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့။
  • မန္တလေးမြို့ရှိ မဟာမုနိရုပ်ပွားတော်မြတ်အပါအဝင် အခြားတန်ခိုးကြီးဘုရားစေတီများတွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပါယ်ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငါးစာကျွေးခြင်းစသည့် ကောင်းမှုအစုစုတို့ကို ကုသိုလ်ဘာဝနာပွားများကြသူများဖြင့် စည်ကားခဲ့ပြီး စေတနာရှင် အလှူရှင်များကလည်း စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်း၊ ဇီဝိတဒါန စုပေါင်း ငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ အလှူငွေများ၊ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့။

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့်အားလျော်စွာ ပြည်သူများက ဘုရား၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ဇီဝိတဒါနဘေးမဲ့လွတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတာ်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ကြပြီး ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းစသည့် ကုသိုလ်ကောင်းမှု အလှူဒါနအစုစုတို့ ကျင်းပကြသည်ကို  မြန်မာပြည်အနှံ့ ကြည်နူးဖွယ်ရာတွေ့မြင်ရသည်မှာ မြန်မာတို့၏ ဘိုးဘွားများလက်ထက်က စတင်ခဲ့သည့် ကောင်းမြတ်သော ရိုးရာယဉ်ကျေးမှု အစဉ်အလာ လက်ဆင့်ကမ်းအမွေအနှစ်ပုံရိပ်ကောင်းများပင်ဖြစ်ကြောင်း သိရှိရပါသည်။

  • ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် ပြည်သူများက ဘုရား၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ဇီဝိတဒါနဘေးမဲ့လွတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတာ်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြပြီး ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းစသည့် ကုသိုလ်ကောင်းမှု အလှူဒါနအစုစုတို့ ကျင်းပကြသည်ကို မြန်မာပြည်အနှံ့ ကြည်နူးဖွယ်ရာတွေ့မြင်ရသည်မှာ မြန်မာတို့၏ ဘိုးဘွားများလက်ထက်က စတင်ခဲ့သည့် ကောင်းမြတ်သော ရိုးရာယဉ်ကျေးမှုအစဉ်အလာ လက်ဆင့်ကမ်းအမွေအနှစ်ပုံရိပ်ကောင်းများပင်ဖြစ်။

Add new comment