ကိုဗစ်-၁၉ ရောဂါကြောင့် ရုပ်ရှင်ပြသမှု ရပ်နားခဲ့ရသော ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသ

ကိုဗစ်-၁၉ ရောဂါကြောင့် ရုပ်ရှင်ပြသမှုရပ်နားခဲ့ရသော ရုပ်ရှင်ရုံများကို မြန်မာနှစ်ဆန်း ၁ ရက် (ဧပြီလ ၁၇ ရက်)တွင် ပြန်လည်ဖွင့်လှစ်ပြသခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ သမ္မတရုပ်ရှင်ရုံ၌ ပြသသည့် မြန်မာရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်ချစ်မြတ်နိုးသူပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သမ္မတရုပ်ရှင်ရုံ၌ ရုပ်ရှင်/ဂီတနယ် ပယ်အသီးသီးမှ ထုတ်လုပ်သူများ၊ အနုပညာရှင်များနှင့် တွေဆုံစဉ်-

  • နိုင်ငံတော်ဝန်ကြီးချုပ်က ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အနုပညာရှင်များ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် လမ်းညွှန်ထားကြောင်း။
  • ယနေ့အချိန်အခါတွင် မသမာသူအဖျက်သမားများက ရုပ်ရှင်ရုံများ ပြန်လည်ဖွင့် လှစ်ပြသမှုများကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဟန့်တားကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေကြသည်ကို ကြားသိရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း။
  • အနုပညာရှင်များသည်လည်း လူသားများဖြစ်သည့်အတွက် ၎င်းတို့၏မိသားစု စားဝတ်နေရေးအတွက် အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပေးကြ ရမည်ဖြစ်ကြောင်း။
  • အနုပညာလုပ်ငန်းများအား ရိုးသားစွာ လုပ်ကိုင်ဆောင်ရွက်နေသူများသည် နိုင်ငံ ရေးနှင့်ပတ်သက်ဆက်နွှယ်ခြင်း မရှိသည့်အတွက် ၎င်းတို့အား ပြစ်တင်ဝေဖန် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းများကို မပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံ ၄၈ ရုံအား ပြန်လည်ဖွင့်လှစ်ပြသလျက်ရှိရာ မြန်မာဇာတ်ကားများနှင့် နိုင်ငံခြားဇာတ်ကားများကို ရုံတင်ပြသလျက်ရှိပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်ရုံများ၏ လုံခြုံရေးဆိုင်ရာများ၊ လျှပ်စစ်မီးရရှိရေးများအပါအဝင် အခြားလိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

  • မြန်မာနှစ်ဆန်း ၁ ရက်နေ့( ဧပြီလ ၁၇ ရက်)တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံ ၄၈ ရုံအား ပြန်လည်ဖွင့်လှစ်ပြသလျက်ရှိ။
  • နိုင်ငံတော်ဝန်ကြီးချုပ်က ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အနုပညာရှင်များ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် လမ်းညွှန်ထား။

 

 

 

 

 

Add new comment