ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌသည် အမိန့်အမှတ် ၃၀/၂၀၂၂ နှင့် ၃၁/၂၀၂၂ တို့ဖြင့် အကျဉ်းထောင်/အချုပ်ထောင်စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူနှင့် နိုင်ငံခြားသား အကျဉ်းသား/သူတို့ကို ဧပြီလ ၁၇ ရက်တွင် ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင်စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား/သူ ၁၅၇၇ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား/သူ ၄၂ ဦး၊ စုစုပေါင်း ၁၆၁၉ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြဏ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး နိုင်ငံခြားသားအကျဉ်းသား/သူတို့ကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းသိရှိရပါသည်။
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးသည့် အကျဉ်းသား/သူများကို အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ ပြောကြားပြီး ၎င်းတို့အား ထောင်ထွက်လက်မှတ်၊ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားခငွေများ ပေးအပ်ပြီးနောက် ၎င်းတို့၏ မိသားစုဝင်များ၊ သူငယ်ချင်း များနှင့်မိတ်ဆွေများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုကြကာ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာမြို့နယ်အလိုက် YBS မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ပြီးကြောင်း သိရှိရပါသည်။
- မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းသား / သူ ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၄၂ ဦး၊ စုစုပေါင်း ၁၆၁၉ ဦး တို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု ခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား/သူတို့ကို ပြည်နှင်ဒဏ်ပေးခဲ့။
- တာဝန်ရှိသူများက လွတ်မြောက်သည့် အကျဉ်းသား/သူများကို ဆုံးမဩဝါဒစကားများ ပြောကြားပြီး ၎င်းတို့အား ထောင်ထွက်လက်မှတ်၊ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားခငွေများ ပေးအပ်ပြီးနောက် ၎င်းတို့၏ မိသားစုဝင်များ၊ သူငယ်ချင်းများနှင့်မိတ်ဆွေများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆို ကြကာတာဝန်ရှိသူများကလည်း သက်ဆိုင်ရာမြို့နယ်အလိုက် YBS မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့။
Add new comment