ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၂ ဖြင့် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက် နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် လွတ်လပ်ရေးရပြီး (၇၅) နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသား များကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များ အား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

  • သုဓမ္မသင်္ဂဟဘွဲ့များအနက် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ရရှိသူ ၃ ဦး၊ သတိုးသီရိ သုဓမ္မဘွဲ့ ၂ ဦး။
  • ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များအနက် အဂ္ဂမဟာသရေစည်သူဘွဲ့ ၅ ဦး၊ သတိုး မဟာသရေစည်သူဘွဲ့ ၅ ဦး၊ မဟာသရေစည်သူဘွဲ့ ၄ ဦး၊ သရေစည်သူဘွဲ့ ၁၁ ဦး၊ စည်သူဘွဲ့ ၁၀ ဦး။
  • စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များအနက် ဇေယျကျော်ထင်ဘွဲ့ ၃၆ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၂၅ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၈ ဦး။
  • စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များအနက် လူမှုထူးချွန်တံဆိပ်(ပထမ အဆင့်) ၁ ဦး၊ လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၁ ဦး။
  • ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များအနက် အနုပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၂၁ ဦး၊ အနုပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၁၁ ဦး၊ အနုပညာထူးချွန်တံဆိပ် (တတိယအဆင့်) ၃ ဦး။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၂ ဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခံရသူ စုစုပေါင်း ၁၄၆ ဦး ရှိကြောင်း သိရှိရပါသည်။

  • ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီး (၇၅) နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများကောင်းကျိုးကို ထူးချွန်ပြောင် မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ် ၁၄၆ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့

Add new comment