တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာဆင်နွှဲ

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းစစ်ဌာနချုပ်များ၌ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ တိုင်း စစ်ဌာနချုပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

တိုင်းစစ်ဌာနချုပ်များအလိုက် ရေကစားမဏ္ဍပ်များအား သင်္ကြန်အကြိုနေ့တွင် ဖွင့်လှစ်ခဲ့ပြီးနောက် သင်္ကြန်အကျ၊ အကြတ်၊ အတက်နေ့များတွင် ရေကစားမဏ္ဍပ်များ၌ အတာရေသဘင်ပွဲကို ဆင်နွှဲကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ပြီး အတာသင်္ကြန်ယိမ်းအက အဖွဲ့ဝင်များမှဖျော်ဖြေခြင်း၊ ရေသဘင်ဆင်နွှဲကြသူများအား စတုဒိသာအကျွေးအမွေး များ၊ နိဗ္ဗာန်ဈေးပွဲတော်များပြုလုပ်၍ ဧည့်ခံကျွေးမွေးကြပြီး ရေသဘင်ပွဲတော်အား ဒေသခံပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြပါသည်။

တိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်များသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကာ စစ်သည်မိသားစုဝင်များနှင့်အတူ ပျော်ရွှင်စွာရေကစားခဲ့ကြပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။

  • တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ရေကစားခြင်းဖြင့်လည်းကောင်း၊ ရေသဘင်ဆင်နွှဲကြသူများအား စတုဒိသာ အကျွေးအမွေးများဖြင့်လည်းကောင်း၊ နိဗ္ဗာန်ဈေးပွဲတော်များပြုလုပ်၍လည်းကောင်း ဧည့်ခံကျွေးမွေးကြပြီး ရေသဘင်ပွဲတော်အား စည်ကားသိုက် မြိုက်စွာဆင်နွှဲခဲ့။

Add new comment