ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ရှိ နိုင်ငံခြားသံရုံးများမှ သံရုံးမိသားစုဝင်များနှင့် သံတမန်မိသားစုများ မြန်မာ့ရိုးရာအတာရေသဘင်ပွဲ ပျော်ရွှင်စွာလာရောက်ဆင်နွှဲ

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ဦးဆောင်သော ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံရုံးမိသားစုဝင်များနှင့် သံတမန်မိသားစုများသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) တွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေကစားမဏ္ဍပ်၌ ပြည်သူများနှင့်အတူ အတာရေများ ပက်ဖြန်းခြင်း၊ နိုင်ငံကျော်အနုပညာရှင်များနှင့်အတူ တေးသီချင်းများသီဆိုကခုန်ခြင်းနှင့် မဟာဗန္ဓုလပန်းခြံနံဘေးရှိ လမ်းလျှောက်သင်္ကြန်သို့ တက်ရောက်ချီးမြှင့်အားပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အလားတူ အိန္ဒိယကောင်စစ်ဝန်နှင့် အဖွဲ့ဝင်များသည် ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့)တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နန်းမြို့သူရေကစားမဏ္ဍပ်နှင့် အခြားရေကစားမဏ္ဍပ်များလည်း သွားရောက်လည်ပတ်၍ မြန်မာ့ရိုးရာအတာ ရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပါသည်။

မြန်မာ့ရိုးရာရေသဘင်ပွဲတော်သို့ လာရောက်ဆင်နွှဲခဲ့ကြသော သံအမတ်ကြီးနှင့် သံရုံးမိသားစုဝင်များ၊ သံတမန်မိသားစုများသည် ယိမ်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အမေများအဖွဲ့နှင့် အနုပညာရှင်များ၊ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ အနုပညာများ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ အနုပညာရှင်များ၏ ပုဂံအက၊ ဇော်ဂျီရုပ်သေးအစွမ်းပြအကတို့ဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအာပေးခဲ့ကြပြီး အနုပညာရှင်များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ရှိ နိုင်ငံခြားသံရုံးများမှ သံရုံးမိသားစုဝင်များနှင့် သံတမန်မိသားစုများသည် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ယိမ်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အမေများအဖွဲ့နှင့် အနုပညာရှင်များ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အနုပညာများ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ အနုပညာရှင်များနှင့်အတူ မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော်အား ပျော်ရွှင်စွာဆင်နွှဲခဲ့။

Add new comment