မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ပြည်သူများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ရေကစား ခဲ့ကြပါသည်။
- နေပြည်တော်ကောင်စီနယ်မြေအတွင်း နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များက တေးသီချင်းများဖြင့်လည်းကောင်း၊ ယိမ်းအဖွဲ့များက ယိမ်းအကများဖြင့်လည်းကောင်း ဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးခဲ့။
- ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များနှင့် စစ်သံမှူးများက ပြည်သူများနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သို့ သွားရောက်ပြီး ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များ၊ စစ်တွေတပ်နယ်မှ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေနေမှု၊ ရခိုင်အဆိုတော်များ၏ ကပြဖျော်ဖြေ နေမှုကို ကြည့်ရှုအားပေးခဲ့။
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြန်မာ့ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့၌ ရေကစားသူများ၊ လည်ပတ်သူများဖြင့် အေးချမ်းပျော်ရွှင်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေသဘင်မဏ္ဍပ်သို့ သွားရောက်ပြီး ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့။
- ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများနှင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့။
- တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ ရေကစားသင်္ကြန်မဏ္ဍပ်များတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ရေသဘင်ပွဲဆင်နွှဲနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့။
- ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ပြည်နယ်အဆင့်ဆိုင်ရာ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်များတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ဖျော်ဖြေမှုများနှင့် အနုပညာရှင်များ၏သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့။
- မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများနှင့် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့။
- ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဗဟိုမဏ္ဍပ်၌ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး ယိမ်းအဖွဲ့များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုခဲ့။
- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)က ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့။
- ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် နေရာအနှံ့အပြား၌ ရေလောင်း ရေပက်ခံသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များတွင်လည်း မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့။
မဟာသင်္ကြန်ပွဲတော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းအဖွဲ့များဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မဏ္ဍပ်အသီးသီးတွင် ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ တေးသံရှင် များက တေးသံသာများဖြင့် ဖျော်ဖြေခြင်း၊ နေ့အလိုက် စတုဒိသာများကျွေးမွေးဧည့်ခံခြင်းများဖြင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်းနှင့် တန်ခိုးကြီးဘုရားများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
- မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက ပြည်သူများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ရေကစားခဲ့။
- မဏ္ဍပ်အသီးသီးတွင် ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ တေးသံရှင်များက တေးသံသာများဖြင့် ဖျော်ဖြေခြင်း၊ နေ့အလိုက် စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်းများဖြင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ။
Add new comment