နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှု များပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာလုပ်ဆောင်လျက်ရှိပါသည်။
- ဧပြီလ ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က ဝင်ရောက်လာပြီး ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ(ခ) ဦးဆန်းမောင် (၅၃)နှစ် (၃၃)ဝါအား ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ ဆွမ်းချက်ဆောင်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့။
- အလားတူ ဧပြီလ ၁၄ ရက်တွင် ထီးချိုင့်မြို့နယ်၊ တုံလုံကျေးရွာရှိ ရွှေသုဝဏ်ဘုန်းကြီးကျောင်းတွင် ဒုလ္လဘရဟန်းဝတ်နေသူ တုံလုံကျေးရွာနေ ဦးမြင့်ဦး (၅၃)နှစ်နှင့် ဦးစိုးတင့်(၅၃)နှစ်တို့အား PDF အကြမ်းဖက်အဖွဲ့က ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအား ဘုန်းတော်ကြီးကျောင်းအောက်သို့ ဖမ်းဆီးခေါ်ဆောင်၍ ဦးမြင့်ဦးအား ကျောင်းလှေကားရင်း၌ လည်းကောင်း၊ ဦးစိုးတင့်အား ဘုန်းကြီးကျောင်းမုခ်ဝတွင်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့။
ထိုကဲ့သို့ သာသနာ့အနွယ်ဝင် သံဃာတော်များအား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်မှုကြောင့် ဧပြီလ ၁၄ ရက်အထိ ဒဏ်ရာရရှိသူ ရဟန်းသံဃာတော် ၁၂ ပါး၊ ပျောက်ဆုံးသံဃာ ၃ ပါး၊ သေဆုံးသူ ရဟန်းသံဃာတော် ၃၈ ပါးနှင့် သီလရှင် ၁ ပါးတို့ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
- PDF အကြမ်းဖက်အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာရှိ ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ(ခ) ဦးဆန်းမောင် (၅၃)နှစ် (၃၃)ဝါအား ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဆွမ်းချက်ဆောင်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ဝိုင်းဝန်း ပစ်ခတ်သတ်ဖြတ်ခဲ့။
- PDF အကြမ်းဖက်အဖွဲ့က ထီးချိုင့်မြို့နယ်၊ တုံလုံကျေးရွာရှိ ရွှေသုဝဏ်ဘုန်းကြီး ကျောင်းတွင် ဒုလ္လဘရဟန်းဝတ်နေသူ ဦးမြင့်ဦး (၅၃)နှစ်နှင့် ဦးစိုးတင့် (၅၃)နှစ် တို့အား ဘုန်းတော်ကြီးကျောင်းအောက်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့။
- အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် ဧပြီလ ၁၄ ရက်အထိ ဒဏ်ရာရရှိသူ ရဟန်းသံဃာတော် ၁၂ ပါး၊ ပျောက်ဆုံးသံဃာ ၃ ပါး၊ သေဆုံးသူ ရဟန်းသံဃာတော် ၃၈ ပါးနှင့် သီလရှင် ၁ ပါးတို့ရှိပြီဖြစ်။
Add new comment