မဟာသင်္ကြန်ပွဲတော်ကာလများတွင် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလများတွင် တန်ခိုးကြီးဘုရားစေတီပုထိုး များ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း အထင်ကရနေရာများဖြစ်သော ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ လှေခွင်းတောင်ကမ်းခြေအပန်းဖြေစခန်း၊ ကျည်တောင်ရေဆိပ်၊ ပျဉ်းမနားမြို့နယ်ရှိ အဝေရာကမ်းခြေအပန်းဖြေစခန်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်ဦးပိန်တံတား၊ မြို့တွင်းရှိ မြို့တော်ဥယျာဉ်ကစားကွင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ဒုဋ္ဌဝတီမြစ်ဘေးတွင် ဖွင့်လှစ်ထားသည့် ၃ မိုင်၊ ၅ မိုင်၊ ၇ မိုင် အပန်းဖြေစခန်းများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့ နယ်ရှိ ဆယ်အိမ်တန်းကမ်းခြေ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ နိုင်ငံ တကာစံချိန်မီ ပင်လယ်ကျွန်းများ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ မွန်ပြည်နယ်ရှိ စက်စဲကမ်းခြေ၊ ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေ၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပင်လယ်ကမ်းခြေတစ်လျှောက်တို့တွင် လာရောက်အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကားလျက်ရှိပါသည်။

မဟာသင်္ကြန်ကာလအတွင်း အပန်းဖြေကမ်းခြေစခန်းများတွင် ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းအဖွဲ့များဖွဲ့စည်း၍ လှည့်ကင်းများဖြင့် စောင့်ရှောက်မှုပေးခြင်း၊ အပန်းဖြေအနားယူနေကြစဉ်အတွင်း အန္တရာယ်မရှိ စေရေးအတွက် သတိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။     

  • မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကာလများတွင် တန်ခိုးကြီးဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွှင်စွာရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိ။

Add new comment