မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန်အတာရေသဘင်ပွဲတော်တွင် ဌာနဆိုင်ရာမိသားစုများအနေဖြင့် စိတ်အပန်းဖြေပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရန်အတွက် ဝန်ကြီးဌာနများအလိုက် ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာရေသဘင်ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါသည်။
- မဟာသင်္ကြန်အကြိုနေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့၏ မြန်မာ့ရိုးရာမဟာသင်္ကြန်အတာရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားများကို သက်ဆိုင်ရာဝန်ကြီးဌာန ပရဝဏ် အတွင်း၌ ကျင်းပပြုလုပ်ခဲ့။
- မဟာသင်္ကြန်အကျနေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ပြီး မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားများကို ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပရဝဏ်အတွင်း၌ လည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပရဝဏ်အတွင်း၌လည်းကောင်း၊ စက်မှုဝန်ကြီးဌာနပရဝဏ်အတွင်း၌လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးပရဝဏ်အတွင်း၌လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပရဝဏ်အတွင်း၌လည်းကောင်း ကျင်းပခဲ့။
- မဟာသင်္ကြန်အကြတ်နေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ မိသားစုရေသဘင်ပွဲတော်များဆက်လက်ကျင်းပခဲ့ပြီး အဆိုပါဝန်ကြီးဌာနများမှ လှပျိုဖြူများက သင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများက ယိမ်းအကအဖွဲ့များအား ဂုဏ်ပြု ဆုငွေများ ချီးမြှင့်၍ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ မြန်မာ့ရိုးရာစတုဒိသာ အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့။
- မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာန မိသားစုရေသဘင်ပွဲတော်များကို ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲခဲ့ပြီး အောင်မြင်စွာပိတ်သိမ်းခဲ့။
ဌာနဆိုင်ရာရေသဘင်ပွဲတော်များတွင် ပါဝင်ဆင်နွှဲကြသူများအား မြန်မာ့ရိုးရာ အစားအစာများဖြစ်သည့် မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ရေခဲမုန့်တို့ဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်းနှင့် တက်ရောက်လာသည့် ဝန်ထမ်းများနှင့် မိသားစုများက သင်္ကြန်သီချင်းများနှင့် သီဆိုဖျော်ဖြေ၍ ပျော်ရွှင်စွာ ရေပက် ကစားခဲ့ကြကြောင်း သိရှိရပါသည်။
- မဟာသင်္ကြန်အတာရေသဘင်ပွဲတော်တွင် ဌာနဆိုင်ရာမိသားစုများအနေဖြင့် စိတ်အပန်းဖြေပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာရေသဘင်ပွဲတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့။
- ဌာနဆိုင်ရာရေသဘင်ပွဲတော်များတွင် ပါဝင်ဆင်နွှဲကြသူများအား မြန်မာ့ရိုးရာ အစားအစာများဖြစ်သည့် မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ရေခဲမုန့်တို့ဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်းနှင့် တက်ရောက်လာသည့် ဝန်ထမ်းများနှင့် မိသားစုများက သင်္ကြန်သီချင်းများနှင့် သီဆိုဖျော်ဖြေ၍ ပျော်ရွှင်စွာ ရေပက်ကစားခဲ့။
Add new comment