ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အတွင်း KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တစ်ချို့ ပါဝင်သောအဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များက လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာအောက်၌ ခိုအောင်းပြီး အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုလုပ်လျက်ရှိသဖြင့် တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး ဒေသခံပြည်သူများ အေးချမ်းစွာနေ ထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ပေးခဲ့မှုကြောင့် ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိစဉ် အဆိုပါအကြမ်းဖက်အဖွဲ့များသည် လေးကေ့ကော်မြို့သစ်၊ အမှတ်(၆) ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၌လည်းကောင်း၊ ဒေသအခေါ် တြိဂံကုန်း၊ လင်းယုန်ကုန်းနှင့် ရသေ့ဂူကျေးရွာတို့၌လည်းကောင်း ပြည်သူ လူထုကို အကာအကွယ်ရယူ၍ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် စုဖွဲ့နေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ ပြောကြားမှုကြောင့် သိရှိရပါသည်။ ထို့ကြောင့်တပ်မတော်စစ်ကြောင်းများအနေဖြင့် ဧပြီလ ၁၀ ရက်တွင် လေးကေ့ကော်မြို့သစ်အတွင်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များဆောင်ရွက်ရန် သွားရောက်စဉ် အဆိုပါအကြမ်းဖက်အဖွဲ့များက အမှတ်(၆) ရပ် ကွက်အတွင်းရှိ လူနေအိမ်များအား အကာအကွယ်ရယူကာ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။
တပ်မတော်အနေဖြင့်လည်း ထုတ်ပြန်ထားသည့် ROE နှင့်အညီ လိုအပ်သည့် အင်အားထပ်မံဖြည့်တင်းပြီး လေကြောင်းပစ်ကူရယူပြီး ရန်သူပစ်မှတ်နှင့် ရန်သူ့နေရာများအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့၍ တပ်မတော်မှအရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါသည်။ တပ်မတော်စစ်ကြောင်းများက လေးကေ့ကော်မြို့သစ်အတွင်း အသေးစိတ်စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့များ နေထိုင်ခဲ့သည့် နေရာများ၊ ပစ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ၊ ထိခိုက်ဒဏ်ရာရရှိသည့်အကြမ်းဖက်သမားများအား ဆေးဝါးကုသပေးခဲ့သည့် နေရာများနှင့် ပြည်သူများ၏နေအိမ်ကို အကာအကွယ်ရယူ၍ ပစ်ခတ်ခဲ့သည့် နေရာများအား စစ်ဆေးတွေ့ရှိခဲ့ပါသည်။
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး NCA ပါ သဘောတူညီချက်များကိုလည်း အလေးထားလိုက်နာဆောင်ရွက်လျက်ရှိသော်လည်း အချို့လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA သဘောတူညီချက်များအပေါ် ကျူးလွန်ဖောက်ဖျက်လျက်ရှိသည့် အပြင် ထာဝရငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို ပျက်ပြားစေရန် ဆောင်ရွက်လျက်ရသည့်အတွက် တပ်မတော်အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- လေးကေ့ကော်မြို့သစ်အတွင်း PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ခိုအောင်းနေထိုင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါအကြမ်းဖက်အဖွဲ့များက လူနေအိမ်များအား အကာအကွယ်ရယူကာ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့၍ တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့။
- တပ်မတော်အနေဖြင့်လည်း ထုတ်ပြန်ထားသည့် ROE နှင့်အညီ လိုအပ်သည့် အင်အားထပ်မံဖြည့်တင်းပြီး လေကြောင်းပစ်ကူရယူပြီး ရန်သူပစ်မှတ်နှင့် ရန်သူ့ နေရာများအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများသည် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့။
- တပ်မတော်စစ်ကြောင်းများက လေးကေ့ကော်မြို့သစ်အတွင်း အသေးစိတ်စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့များ နေထိုင်ခဲ့သည့်နေရာများ၊ ပစ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ၊ ထိခိုက်ဒဏ်ရာရရှိသည့်အကြမ်းဖက်သမားများအား ဆေးဝါးကုသပေးခဲ့သည့်နေရာများနှင့် ပြည်သူများ၏နေအိမ်ကို အကာအကွယ်ရယူ၍ ပစ်ခတ်ခဲ့သည့် နေရာများအား စစ်ဆေးတွေ့ရှိခဲ့။
Add new comment