နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်များသို့ ကြည့်ရှုအားပေး

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

  • ဧပြီလ ၁၃ ရက် မဟာသင်္ကြန်အကြိုနေ့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ ဇေယျာသီရိဂေါက်ကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့။
  • ဧပြီလ ၁၄ ရက် မဟာသင်္ကြန်အကျနေ့တွင် နေပြည်တော်ဇေယျာသီရိရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ်၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)ဝန်းအတွင်းရှိ စိန်ပန်းရေကစားမဏ္ဍပ်၊ မကျည်းရိပ်ရေကစားမဏ္ဍပ်များ၌ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ က သီဆိုကပြဖျော်ဖြေကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး စစ်သည်မိသားစုများနှင့် အတူသင်္ကြန်ရေကစားခဲ့။
  • ဧပြီလ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်ဇေယျာသီရိရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်၊ နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုသင်္ကြန်မဏ္ဍပ်များ၌ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်းအက အဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေနေမှု၊ မိသားစုများပျော်ရွှင်စွာ ရေသဘင်ပွဲဆင်နွှဲနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ဧည့်ပရိသတ်များကို အောင်သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးခဲ့။
  • ဧပြီလ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ်ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ယိမ်း အဖွဲ့များအား အတာရေများဖြင့် ပက်ဖျန်းပေးကာ အောင်မြင်စွာ ပိတ်သိမ်းပေးခဲ့ပြီးနောက် အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မိသားစုသင်္ကြန်ရေကစားမဏ္ဍပ်သို့ သွားရောက်၍ မိသားစုများပျော်ရွှင်စွာ ရေသဘင်ပွဲဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ ရေသဘင်ပွဲအား ပျော်ရွှင်စွာ အတူဆင်နွှဲခဲ့ပါသည်။

အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စတုဒီသာများတည်ခင်းဧည့်ခံကျွေးမွေး၍ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး နိုင်ငံကျော်အနုပညာရှင်များနှင့်  တေးသံရှင်များ၊ သင်္ကြန်ယိမ်းအကအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေ ခဲ့ကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌက  သီဆိုကပြဖျော်ဖြေကြသည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့ များအား ဂုဏ်ပြုလက်ဆောင်နှင့် ဆုငွေများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ အတာရေသဘင်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရှိရ ပါသည်။

  • မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက တက်ရောက်ကြည့်ရှုအားပေးခဲ့။
  • ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စတုဒီသာများ တည်ခင်းဧည့်ခံကျွေးမွေး၍ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး နိုင်ငံကျော်အနုပညာရှင်များနှင့်  တေးသံရှင်များ၊ သင်္ကြန်ယိမ်းအကအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက  သီဆိုကပြဖျော်ဖြေကြသည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်နှင့် ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ အတာရေသဘင်ပွဲတော်အား အေးချမ်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့။

Add new comment

Switch to plain text editor