နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မြန်မာရိုးရာအတာ သင်္ကြန်ပွဲတော်ကာလအတွင်း ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းကျောင်းများ၊ တပ်ရင်း တပ်ဖွဲ့များ၊ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းသားအရာရှိများနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါ သည်။
- သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ ၁၄ ရက်တွင် စစ်တက္ကသိုလ်မိသားစု အတာရေသဘင်မဏ္ဍပ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်မိသားစု အတာရေသဘင်မဏ္ဍပ်တို့သို့လည်းကောင်း။
- အကြတ်နေ့ဖြစ်သည့် ဧပြီလ ၁၅ ရက်တွင် ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်အုပ်ချုပ်မှုကျောင်း မိသားစုအတာရေသဘင်မဏ္ဍပ်နှင့် တပ်မတော်ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ကျောင်း၊ ပြင်ဦးလွင်တပ်မတော်ဆေးရုံ၊ တပ်မတော်အင်ဂျင်နီယာကျောင်းတို့ရှိ မိသားစုအတာရေ သဘင်မဏ္ဍပ်များနှင့် ခါတော်မီ မိသားစု အတာရေသဘင်မဏ္ဍပ်တို့သို့လည်းကောင်း။
- မဟာအတာသင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်တွင် ပြင်ဦးလွင် တပ်နယ်ရှိ တပ်မတော်လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာကျောင်း မိသားစုအတာရေသဘင်မဏ္ဍပ်နှင့် စစ်တက္ကသိုလ်မိသားစုအတာရေသဘင်မဏ္ဍပ်တို့ သို့ လည်းကောင်းသွားရောက်ကြည့်ရှုအားပေးခဲ့။
- မိသားစုအတာရေသဘင်မဏ္ဍပ်များ၌ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆို ကပြဖျော်ဖြေမှုများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများ၊ ဗိုလ်လောင်းများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ မှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပျော်ရွှင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးပြီးနောက် အရာရှိ၊ စစ်သည် မိသားစုဝင်များနှင့် ဗိုလ်လောင်းများအား အတာရေများပက်ဖျန်းပေးခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် မိသားစုရေသဘင်မဏ္ဍပ်များ၌ သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ပြီး အတာရေသဘင်ပွဲတော်ကို အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်းသိရှိရပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် အတာသင်္ကြန်ပွဲတော်ကာလအတွင်း ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းသားအရာရှိများနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့။
- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် မိသားစုရေသဘင်မဏ္ဍပ်များ၌ သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အတာရေသဘင်ပွဲတော်ကို အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲခဲ့။
Add new comment