KIA အဖွဲ့နှင့် NLD ပါတီထောက်ခံသူ အစွန်းရောက် PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်ပတ်ဝန်းကျင်တွင် စခန်းများဆောက်လုပ်ခိုအောင်းပြီး လမ်းများပိတ်ဆို့ခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားများအား အဓမ္မဆက်ကြေးတောင်းခံခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်ခြင်းများအပြင် မြို့တွင်းသို့ဝင်ရောက်၍ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သောဆေးရုံများ၊ ကျောင်းများ၊ လူနေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများအား အကာ အကွယ်ရယူကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျစုဖွဲ့၍ တိုက်ခိုက်ချေမှုန်းခဲ့ပါသည်။
· မတ်လ ၂၉ နှင့် ဧပြီလ ၁ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ပင်လည်ဘူးမြို့နယ်၊ ကပန္တာကျေးရွာအနီး၌ အကြမ်းဖက်အဖွဲ့များနှင့် တွေ့ဆုံပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့။
· ဧပြီလ ၃ ရက်တွင် ပင်လည်ဘူးမြို့၏ အရှေ့မြောက်ဘက် ၈ မိုင်ကျော်ခန့်၊ နွယ်လိန်းကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ကျော်ခန့်တွင် သွပ်ဆူးကြိုး ကာရန်ထားသောစခန်းတစ်ခုအား ရှာဖွေဖော်ထုတ်၍တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။
· အဆိုပါဖြစ်စဉ်များတွင် အကြမ်းဖက်သမားများထံမှ ပြောက် ကျားယူနီဖောင်းဝတ်အလောင်း ၂ လောင်း၊ M-22 ၂ လက်၊ KIA ထုတ် ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ M-၇၉ ဗုံး ပစ်လောင်ချာ ၁ လက်၊ လက်လုပ်တစ်ထောင့်ထိုးသေနတ် ၁ လက်၊ M-22 ကျည် ၅၉ တောင့်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ M-22 ကျည်အိမ် ၅ ခု၊ ၇.၆၂ ကျည် ၁၃၁ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၂ လုံး၊ ပြောက်ကျားယူနီဖောင်း ၁ စုံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့။
· ဧပြီလ ၄ ရက်တွင် ဒေသခံပြည်သူတို့၏ သတင်းပေးပို့မှုအရ ပင်လည်ဘူးမြို့၏ အရှေ့မြောက်ဘက် ၉ မိုင်ခန့်၊ နွယ်လိန်းရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်ရှိ အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေသည့်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူအင်အား ၁၅၀ ဦးခန့်နှင့် ထပ်မံ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခြံစည်းရိုးကျားလန် ၁ ထပ် ကာရံထားသော စခန်း ၁ ခုနှင့် ပြောက်ကျားယူနီဖောင်းဝတ်ဆင်ထားသော အလောင်း ၂ လောင်း၊ တစ်တောင့်ထိုး သေနတ် ၈ လက်၊ M-22 ကျည်အိမ် ၁၈ ခု၊ M-22 ကျည် ၁၃၅ တောင့်၊ လက်လုပ်သေနတ် ၂ လက်၊ စနိုက်ပါမှန်ပြောင်း ၁ ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့။
· ဧပြီလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သောင်းကျန်းသူစခန်းများအား သွားရောက်တိုက်ခိုက်ချေမှုန်းစဉ် အကြမ်းဖက်အဖွဲ့များအနေဖြင့် ပင်လည်ဘူးမြို့အတွင်းသို့ဝင်ရောက်၍ ဆေးရုံ၊ စာသင်ကျောင်း၊ မီးသတ်အဆောက်အဦ၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘုရားကုန်းနှင့် လူနေအဆောက်အဦများကို အကာအကွယ်ယူကာ နယ်မြေခံရဲစခန်းနှင့် မြို့တွင်းတွင် လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များအား သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပင်လည်ဘူးမြို့နှင့် ပတ်ဝန်းကျင်နေရာများအား ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် သေကြေထိခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ပင်လည်ဘူးမြို့၏ မြောက်ဘက်သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့။
· ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး/ဒဏ်ရာရှိမှုရှိခဲ့ပြီး အကြမ်းဖက်သူများထံမှ KIA/PDF လက်မောင်းတံဆိပ်ပါ ပြောက်ကျားဝတ်အလောင်း ၄ လောင်း၊ အားကစား ဝတ်စုံဝတ်ဆင်ထားသော အလောင်း ၄ လောင်း စုစုပေါင်း အလောင်း ၈ လောင်း၊ M-22 သေနတ် ၅ လက်၊ AK-47 သေနတ် ၂ လက်၊ KIA ထုတ် ၄ဝ မမဆုံလည် ၁ လက်၊ ၇.၆၂ မမ စနိုက်ပါ ၁ လက်၊ M-22 ကျည်အိမ် ၂၂ ခု၊ M-22 ကျည် ၁၃၄၅ တောင့်၊ ၇.၆၂ မမ စနိုက်ပါကျည် ၁၁၅ တောင့်၊ ၄ဝ မမ ဗုံးသီး ၉ လုံး၊ KIA ကြိုးဆွဲလက်ပစ်ဗုံး ၁၉ လုံး၊ ၆၀ မမဗုံးသီး ၁၇ လုံး၊ လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းဆည်းရမိခဲ့။
· သိမ်းဆည်းရမိသည့် အကြမ်းဖက်သမားများ၏ အလောင်းအချို့တွင် စိတ်ကြွရူးသွပ်ဆေး သုံးစွဲထားသည့်လက္ခဏာများတွေ့ရှိရပြီး သိမ်းပိုက်ရရှိခဲ့သောစခန်းများအတွင်း၌လည်း မူးယစ်ဆေးဝါးအချို့နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့။
အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သောပစ်မှတ်များမဟုတ်ဘဲ အုပ်ချုပ်ရေး၊ ပညာရေး ဆိုင်ရာ အဆောက်အဦများနှင့် မြို့/ရွာများအတွင်း လူနေအိမ်များကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက် ပစ်မှတ်မဟုတ်သည့်ဌာနဆိုင်ရာများအား ရည်ရွယ်ချက်ရှိစွာဖြင့် စခန်းချအခြေပြုအကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ကြောင်း တွေ့ရှိရပါသည်။
အဆိုပါ ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေ များဖြင့် ၎င်းတို့အပေါ်ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- ပင်လည်ဘူးမြို့နယ်အတွင်း၌ KIA အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့တို့သည် အများပြည်သူပိုင်အဆောက်အဦနှင့် လူနေအိမ်များအား အကာအကွယ်ယူ၍ လုံခြုံရေးတပ်ဖွဲ့များအား သာလွန်အင်အားသုံး၍ ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် သေကြေထိခိုက် ဒဏ်ရာရရှိမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့။
- ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး/ဒဏ်ရာရှိမှုရှိခဲ့ပြီး အကြမ်းဖက်သူများထံမှ အလောင်း ၈ လောင်းနှင့် လက်နက်/ခဲယမ်းမျိုးစုံတို့အား သိမ်းဆည်းရမိခဲ့။
- သိမ်းဆည်းရမိသည့် အကြမ်းဖက်သမားများ၏ အလောင်းအချို့တွင် စိတ်ကြွရူးသွပ်ဆေးသုံးစွဲထားသည့် လက္ခဏာများ တွေ့ရှိရပြီး သိမ်းပိုက်ရရှိခဲ့သော စခန်းများအတွင်း၌လည်း မူးယစ်ဆေးဝါးအချို့နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့။
Add new comment