ဧပြီလ ၉ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအနောက်ဘက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင်၊ လက်ပံတိုနှင့် သာကြီးတောင်ရေနံမြေတို့သို့ ရေမောင်းနှင်ပေးပို့သည့် ရေမောင်းနှင်သည့် ပန့်စက်ရုံအား PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အဆိုပါပန့်စက်ရုံဝင်းအတွင်းထားရှိပြီး ရေမောင်းနှင်လျက်ရှိသည့် အမေရိကန်နိုင်ငံထုတ် အင်ဂျင်ပန့်စက် ၂ လုံး၏ကွန်ပျုတာဘောက်နှင့် အော်တိုနေတာ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ၁၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရားများရပ်တန့်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အများပြည်သူ နှင့်သက်ဆိုင်သည့်နေရာများ၊ အဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းနှင့် ယခုကဲ့သို့ နိုင်ငံတော်ပိုင် စက်ယန္တရားများအား ဖောက်ခွဲဖျက်ဆီးခြင်းများစသဖြင့် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကို မြို့နယ်အချို့၌ အကြောင်းမဲ့လုပ်ဆောင်နေသဖြင့် ၎င်းတို့၏ လုပ်ရပ်များအပေါ် ပြည်သူတစ်ရပ်လုံးက ဝေဖန်ပြစ်တင်ရှုတ်ချ၍ ရွံရှာမုန်းတီးလျက်ရှိပါသည်။
အဆိုပါ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- PDF အကြမ်းဖက်သမားများက မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် ရေမောင်းနှင်သည့် ပန့်စက်ရုံအား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့။
Add new comment