၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော် ရရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရပါသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံ ၁,၀၂၈,၂၁၅.၈၁၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၇၈၀.၁၅၆ သန်းရရှိကာ နယ်စပ်ကုန်သွယ်ရေးမှ ၆၁,၈၉၅.၉၂၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၀.၄၆၉ သန်းရရှိခဲ့သဖြင့် စုစုပေါင်းပဲမျိုးစုံ ၁,၀၉၀, ၁၁၁.၇၄၁ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၃၀.၆၂၅ သန်းရရှိခဲ့ပါသည်။
ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က ပင်လယ်ရေကြောင်းမှ ၁,၂၄၂,၇၇၅.၂၃၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၉၆၆.၄၀၇ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ ၇၈၆,၉၂၀.၆၅၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၀၄.၃ သန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။
- ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံ ၁,၀၂၈,၂၁၅.၈၁၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၇၈၀.၁၅၆ သန်းရရှိကာ နယ်စပ်ကုန်သွယ်ရေးမှ ၆၁,၈၉၅.၉၂၄ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၅၀.၄၆၉ သန်းရရှိခဲ့သဖြင့် စုစုပေါင်းပဲမျိုးစုံ ၁,၀၉၀,၁၁၁.၇၄၁ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၃၀.၆၂၅ သန်းရရှိခဲ့။
Add new comment