SEAGF COUNCIL အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်

ကမ္ဘောဒီးယားနိုင်ငံ Borei Angkor Resort and Spa ၌ ဧပြီလ ၁၀ ရက်တွင် ကျင်းပသည့် SEAGF COUNCIL အစည်းအဝေးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ SEAGF COUNCIL အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက-

· အရှေ့တောင်အာရှဒေသတွင်း၌ အားကစားလှုပ်ရှားမှုများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြှင့်တင်ရေးဆောင်ရွက်မှုများတွင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း။

· ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်   32nd SEA Games အတွက် အစစအရာရာ အောင်မြင်စေရန် ဆုမွန်ကောင်းတောင်းပေးပါကြောင်းနှင့် လာမည့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် 31st SEA Games တွင် တွေ့ဆုံရန်မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ  SEA Games ကျင်းပရေးကော်မတီတာဝန်ရှိသူများက  31st SEA Games နှင့် 32nd SEA Games တို့နှင့်ပတ်သက်သည့် အချက်အလက်များ၊ 32nd Combodia SEA Games တွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း အမျိုးအစားများ၊ ကျင်းပမည့်နေရာများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  • ကမ္ဘောဒီးယားနိုင်ငံ Borei Angkor Resort and Spa တွင် ကျင်းပသည့် SEAGF COUNCIL အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများက နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့။
  • ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ  SEA Games ကျင်းပရေးကော်မတီတာဝန်ရှိသူများက 31st SEA Games နှင့် 32nd SEA Games တို့နှင့်ပတ်သက်သည့်အချက်အလက်များ၊ 32nd Combodia SEA Games တွင် ထည့်သွင်းကျင်းပမည့် အားကစား နည်းအမျိုးအစားများ၊ ကျင်းပမည့်နေရာများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့။

 

 

 

Add new comment