၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် တည်ဆောက်လျက်ရှိရာ-
- ရန်ကုန်မြို့ရှိ ပန်းပဲတန်း၊ ပုစွန်တောင်၊ ဗိုလ်တထောင်နှင့် ကျောက်တံတားမြို့နယ်နှင့် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေကစားမဏ္ဍပ်များ တည်ဆောက်လျက်ရှိ။
- ရန်ကုန်မြို့တော်ဝန်ဗဟိုမဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများ၊ ရုပ်ရှင်နှင့် ဂီတပညာရှင်များ၏ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ သဘင်ပညာရှင်များ၏ အကများဖြင့် တင်ဆက်မှုများအပြင် လမ်းလျှောက်သင်္ကြန်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်။
- မန္တလေးမြို့၌ ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်အခမ်း အနားကို မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပြီး ကျုံးဘေးတွင်လည်း မန်းစည်ပင်ရေကစားမဏ္ဍပ်နှင့် စတုဒီတာရေကစားမဏ္ဍပ်တို့အပါအဝင် မဏ္ဍပ်ပေါင်း ၁၂ ခုဖြင့် ကျင်းပသွားမည်ဖြစ်။
- ပဲခူးမြို့၌ ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့တွင် ဗဟိုမဏ္ဍပ်၌ ဖွင့်ပွဲ အခမ်းအနားပြုလုပ်သွားမည်ဖြစ်၊၊
- ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်တို့နှင့်အတူ လမ်းလျှောက်သင်္ကြန်ကိုထည့် သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်။
- မကွေးတိုင်းဒေသကြီး၌ ၂၀၂၂ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်(၆)ခု စုစုပေါင်းမဏ္ဍပ်(၇)ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်။
- ရခိုင်ပြည်နယ်တွင် ဧပြီ ၁၃ ရက်မှ ၁၆ ရက်ထိ သံတွဲမြို့၌ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တစ်ခု၊ ငပလီမြို့၌ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တစ်ခုတို့အပြင် အခြားရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာ့နှစ်သစ်ကူးနှင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်းအနားတွင် ပြည်သူများ စိတ်အေးချမ်းသာစွာပါဝင်ဆင်နွှဲနိုင်ရန်အတွက် သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများနှင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသောပြည်သူများပူးပေါင်းပြီး တိုင်းနှင့်ပြည်နယ် မြို့ရွာများတွင် လုံခြုံရေးအစီအမံများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
-
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဍပ်များကို တည်ဆောက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကိုပါထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်။
Add new comment