နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြော

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိ မြို့ဖများအား လားရှိုးမြို့ရှိ မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာတွင်-

  • မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးအား နေ့စဉ် ယာဉ်ကြီးယာဉ်ငယ်များစွာသွားလာအသုံးပြုလျက်ရှိပြီး နိုင်ငံတကာစံညွှန်းများနှင့်အညီ သတ်မှတ်ကာလအလိုက် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

  • လားရှိုးမြို့နယ်အတွင်းရှိ ရေအရင်းအမြစ်များကိုအသုံးချ၍ သုံးရေရရှိနိုင်ရေး ဦးစွာဆောင်ရွက်ပြီး သောက်ရေအတွက် ပြန်လည်သန့်စင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဂုတ်တွင်းတံတား တည်ဆောက်ပေးစေလိုမှုနှင့် ပတ်သက်၍လည်း တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။

  • လူသားအရင်းအမြစ်ကောင်းများပေါ်ထွက်လာမှသာလျှင် မိမိဒေသ၊ မိမိတိုင်း ပြည် တိုးတက်မည်ဖြစ်ရာ ပညာရေးကို အားပေးကြရမည်ဖြစ်ကြောင်း။

  • ၂၀၁၉ ခုနှစ်တွင် တွက်ချက်ခဲ့သည့် ကြားဖြတ်သန်းခေါင်စာရင်းအချက်အလက်များအရ မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များ များစွာ ရှိနေသည်ကိုတွေ့ရှိရကြောင်း။

  • အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းအမီလိုက်နိုင်ရေးအတွက် ပညာရေးကို မဖြစ်မနေ အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စာပေပညာသင်ကြားပေးနေခြင်းသည် အစိုးရအတွက် မဟုတ်ဘဲ အစိုးရက နိုင်ငံတော်အတွက် ကိုယ်စားဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။

  • ပညာရေးကဏ္ဍ၌ သင်ရိုးညွှန်းတမ်းများကို အစိုးရက ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများက ဆွေးနွေးညှိနှိုင်း တိုင်ပင်ရေးဆွဲပြဋ္ဌာန်းထားခြင်း ဖြစ်သည်ကို သိရှိနားလည်ရန် လိုကြောင်း။

  • ယခုဆောင်ရွက်နေသည်မှာလည်း ယခင်အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သည့် နှစ် ၃၀ ပညာရည် မြှင့်တင်မှုစီမံကိန်းပင်ဖြစ်ရာ ပညာသင်ကြားရေးသည် နိုင်ငံသားအားလုံး၏ရပိုင်ခွင့်နှင့် တာဝန်သာဖြစ်ပြီး အုပ်ချုပ်သူအစိုးရကို သဘောကျခြင်း၊ မကျခြင်းနှင့် မသက်ဆိုင်သည်ကို နားလည်သဘောပေါက်ရန် လိုအပ် ကြောင်း။

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် သံရိုင်း၊ ကျောက်မီးသွေး၊ ထုံးကျောက် သယံဇာတများ များစွာရှိသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်ဒေသခံများအနေဖြင့် သံမဏိလုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်းများ လုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိပါက လုပ်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

  • ရှမ်းပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်မည့် အရင်းအမြစ်များစွာရှိရာ လျှပ်စစ်စွမ်းအားထုတ်ယူနိုင်ရေးအတွက် စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ်စီမံကိန်းများ လုပ်ဆောင်လျက်ရှိပြီး ပြီးစီးပါက လျှပ်စစ်မီးဖူလုံစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း။

  • မြေသယံဇာတများစွာရှိပြီးဖြစ်သည့်အတွက် သယံဇာတများကို အကျိုးရှိရှိ အသုံးချနိုင်ရေးတိုက်တွန်းလိုအပ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်လုပ်ဆောင်ကြစေလိုကြောင်း။

  • မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့သည့်ကာလအတွင်း လူ့အသက်ထက် အရေးကြီးသည်မှာ မည်သည့်အရာမှမရှိဟုခံယူလျက် ကျန်းမာရေးဝန်ထမ်း အခက်အခဲ၊ ကာကွယ် ကုသ ထိန်းချုပ်ရေး ဆေးဝါးများ၊ ပစ္စည်းများစသည့် အခက်အခဲပေါင်းစုံကြားမှ ကြံ့ကြံ့ခံဆောင်ရွက်ခဲ့ရပြီး ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိရန်နှင့် ကာကွယ်ဆေးထိုးနှံမှုများကို မဖြစ်ဖြစ်သည့်နည်းလမ်းများဖြင့် လုပ်ဆောင်ပေးခဲ့ပြီး ပညာရေးပိုင်းနောက်ကျ ခဲ့မှုမရှိရအောင်လည်း အခက်အခဲများကြားမှ ကျောင်းများကို ပြန်လည်ဖွင့်လှစ်၍ စာပေသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့ကြောင်း။

  • ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် ပြီးစီးစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများသာမက အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြား ခဲ့ပါသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှတာဝန်ရှိသူများ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား လားရှိုးမြို့ရှိ မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့။

  • မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးအား နေ့စဉ်ယာဉ်ကြီးယာဉ်ငယ် များစွာသွားလာအသုံးပြုလျက်ရှိပြီး နိုင်ငံတကာစံညွှန်းများနှင့်အညီ သတ်မှတ်ကာလအလိုက်အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်။

  • ပညာရေးကဏ္ဍ၌ သင်ရိုးညွှန်းတမ်းများကို အစိုးရက ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများက ဆွေးနွေးညှိနှိုင်းတိုင်ပင်ရေးဆွဲပြဋ္ဌာန်းထားခြင်း ဖြစ်သည်ကို သိရှိနားလည်ရန်လို။

  • ယခုဆောင်ရွက်နေသည်မှာလည်း ယခင်အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သည့် နှစ် ၃၀ ပညာရည် မြှင့်တင်မှုစီမံကိန်းပင်ဖြစ်ရာ ပညာသင်ကြားရေးသည် နိုင်ငံသားအားလုံး၏ရပိုင်ခွင့်နှင့် တာဝန်သာဖြစ်ပြီး အုပ်ချုပ်သူအစိုးရကို သဘောကျခြင်း၊ မကျခြင်းနှင့် မသက်ဆိုင်သည်ကို နားလည်သဘောပေါက်ရန်လို။

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိရန်နှင့် ကာကွယ်ဆေးထိုးနှံမှုများကို မဖြစ်ဖြစ်သည့်နည်းလမ်းများဖြင့် လုပ်ဆောင်ပေးခဲ့ပြီး ပညာရေးပိုင်းနောက်ကျ ခဲ့မှုမရှိရအောင်လည်း အခက်အခဲများကြားမှ ကျောင်းများကို ပြန်လည်ဖွင့်လှစ်၍ စာပေသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့။

Add new comment