၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၂၀၂၁ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ ခြောက်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃၃ သန်းကျော်ရရှိခဲ့ပါသည်။
အောက်တိုဘာ ၁ ရက်မှ မတ် ၃၁ ရက်အထိ ခြောက်လတာကာလတာအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့်-
- ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၅,၈၀၆.၂၆၁ တန်တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၅.၈၉၈ သန်းရရှိခဲ့။
- နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန်ချိန် ၁,၇၆၆.၇၃၁ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ် လာ ၇.၅၉၄ သန်းရရှိခဲ့။
- စုစုပေါင်း မက်ထရစ်တန်ချိန် ၇,၅၇၂.၉၉၂ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၃.၄၉၂ သန်းရရှိခဲ့။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပုစွန်တင်ပို့မှုအနေဖြင့် စုစုပေါင်း မက်ထရစ်တန်ချိန် ၅,၂၈၉.၅၃၆ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂.၁၈ သန်းရရှိခဲ့ပါသည်။
ရခိုင်ပြည်နယ်၌ ပုစွန်အများဆုံးထွက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီးမှလည်း ထွက်ရှိကြောင်း၊ ရခိုင်ပြည်နယ်၌ ပုစွန်မွေးမြူဧက ၈,၃၇၇.၇၈ ဧကရှိပြီး ရန်ကုန်မြို့သို့ တင်ပို့ကာ ထိုမှတစ်ဆင့် ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပါသည်။ ငါး၊ ပုစွန်နှင့် အခြားရေထွက် ကုန်များကို ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
- ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ခြောက် လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုမှ စုစုပေါင်း မက်ထရစ်တန်ချိန် ၇,၅၇၂.၉၉၂ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၃.၄၉၂ သန်းရရှိခဲ့။
- ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပုစွန်တင်ပို့မှုအနေဖြင့် စုစုပေါင်း မက်ထရစ်တန်ချိန် ၅,၂၈၉.၅၃၆ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂.၁၈ သန်းရရှိခဲ့။
- ငါး၊ ပုစွန်နှင့် အခြားရေထွက် ကုန်များကို ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ ပုံမှန်တင်ပို့လျက်ရှိ။
Add new comment