မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့ရှိ အစ္စလာမ်ဘာသာဝင် များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစ္စလာမ်ဘာသာဝင် များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများကို သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိရာ-

  • ဧပြီလ ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဂျွန်းဗလီ အစ္စလာမ်ဘုရားရှိခိုးကျောင်းတွင် ဉပုသ်ဝင်ရောက်သူ ၃၃၀ ဦးတို့အတွက် စားသောက်ဖွယ်ရာများကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အဖွဲ့ ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများကလည်းကောင်း။
  • ဧပြီလ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက် ပန်းဆိုးတန်းလမ်းပေါ်ရှိ တခြမ်းပဲ့ဗလီတွင် ဥပုသ်ဝင်ရောက်သူ  ၁၂၀ ဦး၊ တရားပေးဆရာ ၁၀ ဦး၊ ဗလီအကျိုးတော်ဆောင်အဖွဲ့ အဖွဲ့ဝင် ၁၀ ဦးတို့အတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများကလည်းကောင်း အသီးသီးသွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
  • ဧပြီလ ၈ ရက်နှင့် ၉ ရက်တို့တွင် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက မင်္ဂလာတောင်ညွန့် မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လ မြတ်ကာလတွင် ဥပုသ် ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်းခဲ့။

Add new comment