နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧလပြီ ၈ ရက်တွင် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား ရာတွင်-

  • ယခုနှစ်သည် မိမိတို့နိုင်ငံ၏ စိန်ရတုပြည်ထောင်စုနှစ်ဖြစ်ပြီး လာမည့်နှစ်တွင် စိန်ရတုလွတ်လပ်ရေးနှစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ စိန်ရတုကာလသို့ ရောက်ရှိပြီဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ရှိနေဆဲဖြစ်ပြီး ငြိမ်းချမ်းမှု အပြည့်အဝမရရှိသေးသည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း။
  • လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကတည်းက လွတ်လပ်ရေးသည်ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည် တတိယဟူ၍ ကြွေးကြော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
  • လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်) ကို ကျင့်သုံးခဲ့ပြီး ယင်းဥပဒေသည် ပြည်သူလူထုတစ်ရပ်လုံး မဲပေးအတည်ပြုခဲ့သည့် ဥပဒေမဟုတ်ဘဲ တိုင်းပြုပြည်ပြုလွှတ်တော်က အချို့သောပညာရှင်များ၏ အကြံဉာဏ်များရယူကာ ရေးဆွဲအတည်ပြုခဲ့သည့် ဥပဒေဖြစ်ကြောင်း။
  • ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်ထိ ဖဆပလ အစိုးရကအုပ်ချုပ်ခဲ့ကြောင်း၊ လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင် စနစ်တို့၏ အားပြိုင်ခဲ့မှု၊ အယူဝါဒကွဲပြားမှုများကြောင့် ၁၉၄၈ ခုနှစ် မတ်လတွင် ကွန်မြူနစ်ပါတီ တောခိုခဲ့ပြီးနောက် KNDO ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ကြောင်း။
  • ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင်သန့်ရှင်း ဖဆပလအနိုင်ရခဲ့သော်လည်း ပါတီတွင်း ထပ်မံကွဲပြားမှုများရှိခဲ့ပြီး နိုင်ငံရေးအရှုပ်အထွေးများများစွာ ဖြစ်ပေါ် ရှုပ်ထွေးခဲ့ကြောင်း၊ ထိုသို့ရှုပ်ထွေးနေစဉ် ၁၉၄၇ အခြေခံဥပဒေတွင် ထည့်သွင်းခဲ့ရသည့် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ရှိသည်ဟူသည့်အချက်ကိုကိုင်စွဲ၍ ပြည်ထောင်စုမှ ခွဲထွက်ရေးကို တောင်းဆိုမှုများ ရှိလာခဲ့ကြောင်း။
  • ထို့ကြောင့် တပ်မတော်က ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးတို့ကို ဦးတည်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ၎င်းကဲ့သို့ ဆောင်ရွက်ရခြင်းမှာလည်း မိမိတို့ ကိုယ်ကျိုးစီးပွားအတွက်မဟုတ်ဘဲ နိုင်ငံ တော်နှင့် အများသူငှာ ကောင်းစားရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည်ကို ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။
  • ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့က အုပ်ချုပ်ဆောင်ရွက်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်) ကို အတည်ပြုခဲ့ကြောင်း၊ ယင်းဥပဒေအား မူကြမ်း ၃ ကြိမ်အထိ ရေးဆွဲ၍ ပြည်သူလူထုထံသို့ ချပြပြီးမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ကာ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဆိုရှယ်လစ်နိုင်ငံကို တရားဝင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း။
  • အစိုးရအနေဖြင့်ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ရာ၌ တပ်မတော်ကိုအမာခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆိုရှယ်လစ်စနစ်ကို ထောက်ခံသည့် ပြည်သူလူထုတို့ဖြင့် ပူးပေါင်း၍ လမ်းစဉ်ပါတီကို တည်ထောင်ကာ ၁၉၈၈ ခုနှစ်ထိ လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း။
  • ဆိုရှယ်လစ်စနစ်တွင် အားနည်းချက်များရှိသကဲ့သို့ အားသာချက်များလည်းရှိသဖြင့် သမိုင်းကိုသိရှိအောင် လေ့လာ၍သုံးသပ်ကြစေလိုပြီး နိုင်ငံတကာဖြစ်စဉ်များ၊ မိမိနိုင်ငံ၏ ဖြစ်စဉ်များကို ချိန်ထိုးနှိုင်းယှဉ် သုံးသပ်ကြရန် တိုက်တွန်းလိုကြောင်း။
  • လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရန် ကာကွယ်ရေးဘတ်ဂျက်များစွာ သုံးစွဲခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်မှု အားနည်းခဲ့ကြောင်း။
  • ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ တက်လာခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်သွားနိုင်ရေး တိုင်းရင်းသားပြည်သူလူထုနှင့် အလွှာပေါင်းစုံမှ အစုအဖွဲ့များပါဝင်သော အမျိုးသား ညီလာခံ၌ အခြေအတင် ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၌ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း။
  • ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ သွားနိုင်ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်ကို ပုံဖော်ရာတွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေးခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေး အရနှင့် စီးပွားရေးအရ သဘောထားကွဲလွဲမှုများ မည်သို့ပင်ရှိစေကာမူ တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မရရအောင် ဖော်ဆောင်ခဲ့ ကြောင်း။
  • တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာသည့် တိုင်းပြည်နှင့် ပြည်သူ၏ အစိတ်အပိုင်းသာဖြစ်သဖြင့် ပြည်သူတို့လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာအောင် လျှောက်လှမ်းနိုင်ရေး ဦးတည် ဆောင်ရွက်ခဲ့ကြောင်း။
  • ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မရိုးမသားသည့် နည်းလမ်းများဖြင့် အနိုင်ရရှိရေးဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှပြောကြား ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသဖြင့် တပ်မတော်မှ နိုင်ငံတော်၏တာဝန်များကို ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။
  • တပ်မတော်အနေဖြင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေပြီး ယခင်ကဖြစ်ပေါ်ခဲ့သည့် အာဃာတများ မဖြစ်ပေါ်စေရေးကို သင်ခန်းစာယူကာ နာကြည်းချက်များကို သားစဉ်မြေးဆက်မပါစေရေးအတွက် သည်းခံစိတ်မွေး၍ သွေးထွက်သံယိုမှုအနည်းဆုံးဖြင့် ထိန်းသိမ်းနေခြင်းဖြစ်ကြောင်း။
  • တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းခိုင်မာရေးကိုသာ အဓိကဆောင်ရွက်လျက်ရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။
  • ဒီမိုကရေစီတွင် ရွေးကောက်ပွဲသည်အဓိကကျပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲစာရင်းသည် သန်းခေါင်စာရင်းကိုအခြေခံပြီး ကောက်ခံရခြင်းဖြစ်ကာ ခေတ်အဆက်ဆက်တွင်လည်း ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း။
  • ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံး အောင်မြင်စေရန် နိုင်ငံသားတို့၏ အသိပညာရေချိန် မြင့်မားရန်လိုပြီး သိပညာမြင့်မားစေရေးအတွက် မိမိကိုယ်တိုင် စာပေလေ့လာမှုသာမက မိမိတို့၏ သားသမီးများကို လည်း စာပေ၊ ဗဟုသုတမြင့်မားအောင် ဆောင်ရွက်ပေးရန်လိုကြောင်း။
  • ပညာရေးနှင့် ပတ်သက်၍ ဖတ်ရှု၊ မှတ်သား၊ လေ့လာပြီး အသိပညာမြင့်မားအောင် ကြိုးစားရမည်ဖြစ်ပြီး အသိပညာမြင့်မားမှသာလျှင် ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်၏ အနာဂတ်ကိုလည်း အာမခံနိုင်မည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား နှစ်သစ်ကူး ဆုမွန်ကောင်းစကားပြောကြားခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီးနောက် လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားကာ လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • စိန်ရတုကာလသို့ ရောက်ရှိပြီဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ရှိနေဆဲဖြစ်ပြီး ငြိမ်းချမ်းမှု အပြည့်အဝမရရှိသေးသည်ကိုတွေ့ရှိရမည်ဖြစ်။
  • လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုရေးဆွဲပြီးကျင့်သုံးခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်) သည် ပြည်သူလူထုတစ်ရပ်လုံး မဲပေးအတည်ပြုခဲ့သည့် ဥပဒေမဟုတ်ဘဲ တိုင်းပြုပြည်ပြု လွှတ်တော်က အချို့သောပညာရှင်များ၏ အကြံဉာဏ်များရယူကာ ရေးဆွဲအတည် ပြုခဲ့သည့် ဥပဒေဖြစ်။
  • ၁၉၇၄ ခုနှစ်တွင်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်) ကို မူကြမ်း ၃ ကြိမ်အထိ ရေးဆွဲ၍ ပြည်သူလူထုထံသို့ချပြပြီးမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ကာ အတည်ပြု ခဲ့ခြင်းဖြစ်ပြီး ဆိုရှယ်လစ်နိုင်ငံကို တရားဝင်တည်ထောင် ခဲ့ခြင်းဖြစ်။
  • ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတက်လာခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်သွားနိုင်ရေး တိုင်းရင်းသားပြည်သူလူထုနှင့် အလွှာပေါင်းစုံမှ အစုအဖွဲ့များပါဝင်သော အမျိုးသားညီလာခံ၌အခြေအတင်ဆွေးနွေးကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၂၀၀၈ ခုနှစ်၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့။
  • တပ်မတော်အနေဖြင့် တိုင်းပြည်တည်ငြိမ်ရေးကိုဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေပြီး ယခင်က ဖြစ်ပေါ်ခဲ့သည့် အာဃာတများ မဖြစ်ပေါ်စေရေးကို သင်ခန်းစာ ယူကာ နာကြည်းချက်များကို သားစဉ်မြေးဆက်မပါစေရေးအတွက်သည်းခံစိတ်မွေး၍ သွေးထွက်သံယိုမှုအနည်းဆုံးဖြင့် ထိန်းသိမ်းနေခြင်းဖြစ်။
  • တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းခိုင်မာရေးကိုသာ အဓိကဆောင်ရွက်လျက်ရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ။
  • ပညာရေးနှင့် ပတ်သက်၍ ဖတ်ရှု၊ မှတ်သား၊ လေ့လာပြီး အသိပညာမြင့်မားအောင် ကြိုးစားရမည်ဖြစ်ပြီး အသိပညာမြင့်မားမှသာလျှင် ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်၏ အနာဂတ်ကိုလည်း အာမခံနိုင်မည် ဖြစ်။

Add new comment